Wednesday, July 1, 2009

ှSwine Flu

အခုတလောလူတွေအထိတ်တလန့်ဖြစ်နေတဲ့ Swine Flu လို့ခေါ်တဲ့(Type A H1N1) တုတ်ကွေးရောဂါပိုးကြောင်း ကိုသိသလောက်လေး မျှဝေချင်လို့ပါ။

၁) Swine Flu ဆိုတာဘာလဲ။

Swine Flu ဆိုတာအ၇င်က လူတွေထဲမှာ ဖြစ်လေ့ဖြစ်ထမရှိပဲ ဝက်များကြားမှာ ပေါက်ဖွားပြန့်ပွားလေ့ ရှိတဲ့ဝက်အသက်ရူလမ်းကြောင်းနှင့်ဆိုင်တဲ့ရောါဖြစ်ပါတယ်။ ဝက်တုတ်ကွေးရောဂါလို့လဲခေါ်ပါတယ်။

၂)လူတွေမှာဘယ်လိုကူးစက်သွားပါသလဲ။

ဝက်ကနေ လူကိုကူးဆက်ဖို့ ဆိုတာခက်ခဲပါတယ်။ ဒါပေမယ့် မတော်တဆ ဝက်မှလူကို ကူးစက်တတ်ပါတယ်။ များသောအားဖြင့် ဝက်များနှင့်တိုက်ရိုက် ဆက်ဆံနေ၇တဲ့လူတွေမှာ ဖြစ်ပါတယ်။
အ၇င်ကလဲဖြစ်ခဲ့တဲ့ ၇ာဇ၀င်ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဧပြီလ ဒုတိယပတ် လောက်က Mexico နှင့် california မှာ တုပ်ကွေးပိုးA ကိုစတင် တွေ့ရှိခဲ့ပါတယ်။
ဒီကမှ လူမှလူကိုကူးစက်ပြန့်ပွားတော့တယ်။

၃) ဘယ်လိုကူးစက် ပြန့်ပွားသွားလဲ။

ကူးစက်ပြန့်ပွားပုံ၂ မျိုးရှိ ပါ တယ်။
(က) ၀က်မှလူကိုကူးစက်ပြန့် ပွားခြင်း- ဒီကူးစက် ပြန့်ပွားမှုမျိုးကေ၇ာဂါကူးစက်ခံရတဲ့ဝက် နှင့်တိုက်ရိုက်ထိတွေ့ရတဲ့လူတွေပဲဖြစ်ပါတယ်။ များသောအားဖြင့်ဝက်မွေးမြူတဲ့သူနှင့် ဝက်မွေးမြူေ၇းခြံမှဝန်ထမ်းများသာဖြစ်ပါတယ်။
(ခ) လူမှလူ ကိုကူးစက်ပြန့်ပွားခြင်း- ဒီကူးစက်ပြန့်ပွားမှုမျိုးက သာမန်ဖြစ်ရာသီအလိုက်ဖြစ်ပွားနေကြ တုတ်ကွေး ရဲ့ကူးစက် မူမျိုးနဲ့တူပါတယ်။ ဥပမာ-ေ၇ာဂါကူးစက်ခံ၇သူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တုတ်ကွေးရောဂါပိုးကူးစက်သော အရာဝထ္ထု ကို လက်ဖြင့်ထိတွေ့မိ ပြီး ထိုလက်ဖြင့်နှာခေါင်း၊ ပါးစက် ကိုထိခြင်း ဖြင့်ကူးစက်နိုင် ပါတယ်။

၎)လူတွေမှာေ၇ာဂါဖြစ်တဲ့အခါေ၇ာဂါလက္ခဏာတွေကဘယ်လိုပြလဲ။

လူတွေမှာေ၇ာဂါကူးစက်ခံ၇ပြီဆိုရင် ပြတဲ့ေ၇ာဂါလက္ခဏာ ကသာမန်၇ာသီအလိုက်ဖြစ်ပွားနေကြဖြစ် တဲ့ေ၇ာဂါလက္ခဏာတွေဖြစ်တဲ့နှာစီးခြင်း၊ ခေါင်းကိုက်ခြင်း ၊အဖျားဝင်ခြင်း၊ချောင်းဆိုးခြင်း နှင့်အစာစားချင်စိတ်မရှိခြင်း တို့ဖြစ်ပါတယ်။ အချိုလူများမှာတော့ လည်ချောင်းနာခြင်း၊ အောံအန်ခြင်း နှင့် ဝက်လျောခြင်းလက္ခဏာ တွေပြပါတယ်။

၅)swine Flu မှန်းမည်ကဲ့သို့ခွဲခြား၇မလဲ။

ရိုးရိုးသာမန်ဖျားသကဲ့သို့ဖြစ်ပါက သက်ဆိုင်၇ာ ဆ၇ာဝန်နှင့် အမြန်ဆုံးသွားေ၇ာက်ပြသ ပြီးဆရာဝန်မှ အသက်ရူလမ်း ကြောင်းဆိုင်၇ာဓာတ်ခွဲစက်သက်မှုနမူနာ ယူပြီးစက်သက်စစ်ဆေးပါလိမ့်မည်။
ကလေးများမှာ စိုးရိမ်ဖွယ် ရှိပါတယ်။ ဒီပိုးဟာ ကလေးတွေမှာ ၇ ရက်နှင့် ၇ ရက်ထက်ကြာရှည်စွာကိန်းအောင်းပြီးေ၇ာဂါရှာလို့မတွေ့ဖြစ်တတ်ပါတယ်။

၆)ရာသီအလိုက်ဖြစ်ပေါ်တဲ့ တုတ်ကွေးကြောင့်လဲ လူတွေထောင်သောင်းမက သေဆုံးသေးတာပဲ ဒီဝက်တုတ်ကွေးအသစ် ကိုဘာကြောင့် ကြောက်စရာ လိုပါသလဲ။

ရာသီအလိုကတုတ်ကွေးကလဲနှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေပါတယ် ထို့အတူ ပိုးကလည်းနှစ် တိုင်းပြောင်းလဲနေ ပါတယ်။ ဒါ ပေမယ့်လူတော်တော်များများမှာ ထိုပိုးများကိုသူအလိုလိုခံနိုင်၇ည်ရှိခြင်းကေ၇ာဂါကူးစက်မှူကို တားဆီးပေးပါတယ်။ အခုဒီswine flu လို့ခေါ်တဲ့ Influenz A (H1N1)က ပိုးအသစ်ဖြစ်ပြီး ထိုပိုးကို ခုခံတိုက်ဖြတ် နိုင်စွမ်းမရှိသေးတဲ့အတွက်ကြောင့် ဝက်တုတ်ကွေးက သာမန်တုတ်ကွေးများထက် ပိုကူးစက်လွယ်တာ ဖြစ်ပါတယ်။

ဒီH1N1 ပိုးဟာ လူငယ်များအတွင်းမှာပိုပြီးပြန့်ပွားနေလွယ်ပါတယ်(အသက်၁၀-၄၈ အတွင်း)။ေ၇ာဂါပြင်းထန်မှုက သာမန်မှ အ သည်းအသန်ထိဖြစ် တတ်ပါတယ်။ အသည်းအသန်ဖြစ်ပါက အသက်ဆုံးရှုံးနိုင်ပါတယ်။ သာမန်လောက်သာထိတဲ့လူများက H1N1 ဖြစ်သော် လဲ မိမိအိမ်မှာနေပြီး ဘာဆေးမှမကုရပဲ ပျောက်ကင်းနိုင်ပါတယ်။များသောအားဖြင့်ပြင်းပြင်းထန်ထန် ဖြစ်သူများမှာ ဆေးရုံတင်ရပြီး ထိုအထဲမှတဝက် မှာနဂိုအခြားေ၇ာဂါအခံရှိသူများ ၊ ကိုယ်ခံအားမကောင်းသူများဖြစ်ပါတယ်။

၇)ဒါဆိုဘယ်အချိန်မှာ ဆေးကုသမှုခံ ရမလဲ။

အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမဝခြင်း၊ ၃ရက်ဆက်တိုက်ဖျားနေပြီ ဆို၇င်ကောင်းစွာဆေးကုသမှုခံယူ၇ပါမယ်။သတ်မှတ်ထားတဲ့ဆေးရုံကိုတတ်၇ပွမယ်။ ကလေးလူနာများမှာတော့ ဖျားပြီး အသက်ရှူမြန်ခြင်း ၊ အသက်ရှူမဝခြင်း၊ မူးဝေခြင်း တို့ဖြစ်၇င်ဆေးကုသမှူခံယူပါ။

ရိုးရိုးအိမ်မှာနေနိုင်တဲ့သူများက တော့ အနားယူခြင်း၊ေ၇များများသောက်ပေးခြင်းနှင့် အကိုက်အခဲသောက်ဆေးသောက်ပေးခြင်းဖြင့် ပြန်လည်ပြောက်ကင်းနိုင်ပါသည်။

၈)ေ၇ာဂါပြန့်ပွားမှုနည်းအောင် ဘယ်လိုဆောင်ရွက်ရမလဲ

ေ၇ာဂါပြန့်ပွားမှုနည်းအောင်ဆောင်ရွက်ဖို့ကလူသားတိုင်းမှာတာဝန်ရှိပါတယ်။
-ရောဂါကူးစက်ခံရသူသည် ချောင်းဆိုး၊နှာစေး လျှင်မိမိနှာခေါင်း၊ ပါးစပ်တို့ကိုလက်ကိုင်ပဝါ၊စက်ကူဖြင့်ကာ ခြင်း၊လူနေထူထပ်ရာအရပ်ကိုရှောင်ခြင်း၊ လက်အကြာခဏဆေးကြောခြင်း၊ တတ်နိုင်အမျှကျန်းမာသူများဖြင့်ဝေးဝေးနေခြင်း
-ေ၇ာဂါမကူးစက်ခံ၇သူများကလည်းမိမိတို့တကိုယ်၇ည်ကျန်းမာရေးကိုဂရုစိုက်ခြင်း၊
-ကာကွယ်ဆေးထိုးခြင်း တို့ဖြစ်ပါတယ်။
လောလောဆယ်တော့ယုံကြည်စိတ်ချရတဲ့ကာကွယ်ဆေးကို ရှာဖွေနေဆဲဖြစ်ပါသည်။

နိဂုံးချူပ်အနေနှင့် ဤရောဂါပိုး သည် လွယ်လွယ်ကူကူပျောက်ကွယ်သွားဦးမည်မဟုတ်ပဲ ဆက်လက်တိုက်ပွဲဝင်သွားရမည်။မိမိတကိုယ်ရည် သန့်ရှင်းရေးကိုဂရုစိုက်ပြီး အဟာပြည့်ဝသောအစားအစာများကို စားသုံး ရင်း ယုံကြည်စိတ်ချရ တဲ့ကာကွယ်ဆေးကိုစောင့်ရမည်ဖြစ်ပါသည်။

မေမဒီ

စာညွှန်း

1) what is the new influenza A(H1N1)
http://ww.who.int/csr/disease/swineflu/frequently_ask_question viewed on 6/30/2009

2) H1N1 Influenza A Disease-information for health Professionals
The New England Journal of Medicine by LindseyR.Baden,M.D.,Jeffery M.Drazen, M.D,Patricia A. Kritek,M.D, Gregory D.Curfman,M.D., Stephen Morrissey,Ph.D, and Edward W.Campion, M.D updated on 18 June 2009
http://content,nejm.org.cgi/content/full/360/25/266 viewed on 6/30/2009

3) Key Fact about Swine Fluenza posted on may 2 2009 Centres for Disease Control and Prevention
http://wwwcdc.gov/h1n1flu/key-facts.htm viewd on 6/30/2009

No comments:

Post a Comment