Friday, June 1, 2012



Mother Teresa ရဲ့ဘဝအဓိပ္ပာယ်ဖော်ကျူးချက်လေးတွေရဲ့ တချက်မဟုတ်တချက် ဟာ အတက်အဆင်း၊ အကွေ့အကောက်များလွန်းတဲ့ကျွန်မတို့ဘဝမှာ တချိန်မဟုတ်တချိန်ချိန်တော့ အမြဲရင်ဆိုင်နေရတာပဲ။
လတ်တလောကိုယ်နဲ့ဘယ်အရာများကိုက်ညီနေမလဲလို့မိမိဘာသာဆန်းစစ်ကြနော်။


 ဘဝ

ဘဝဆိုတာ အခွင့်အရေးတခု ဖြစ်ခဲ့ရင်၊ အကျိုးအမြတ်ရှိအောင် ကြိုးစားပါ.
ဘဝဆိုတာ လှပခဲ့ရင်၊အားကျလိုက်ပါ။
ဘဝဆိုတာအိမ်မက်ဆိုရင်၊ နားလည်သဘောပေါက်လိုက်ပါ၊
ဘဝဆိုတာစိန်ခေါ်ခြင်းဆိုရင် ၊ရင်ဆိုင်လိုက်ပါ
ဘဝဆိုတာတာဝန်တခုဆိုရင်၊ကျေပွန်လိုက်ပါ
ဘဝဆိုတာကစားပွဲတခုဆိုရင်၊ကစားလိုက်ပါ
ဘဝဆိုတာကတိတခုဆိုရင်၊တည်အောင်ပြုလိုက်ပါ
ဘဝဆိုတာဝမ်းနည်းစရာဖြစ်နေတဲ့အခိုက်နဲ့ကြုံတွေနေရရင် ၊ကျော်လွန်အောင်ကြိုးစားပါ
ဘဝဆိုတာသီချင်းတပုဒ်ဖြစ်နေ၇င်၊သီကျူးလိုက်ပါ။
ဘဝဆိုတာရုန်းကန်နေရရင်၊ လက်ခံလိုက်ပါ။
ဘဝဆိုတာကြေကွဲစရာကောင်းနေခဲ့ရင်၊ရင်ဆိုင်လိုက်ပါ။
ဘဝဆိုတာစွန့်စားမှုတခုဆိုရင်၊ သတ္တိရှိပါ။
ဘဝဆိုတာကံကောင်းချင်ဆိုရင်၊ကံကောင်းအောင်ပြုယူလိုက်ပါ။
ဘဝဆိုတာအရမ်းတန်ဖိုးရှိပါတယ်၊ဖျက်ဆီးမပြစ်လိုက်ပါနဲ့။
ဘဝဆိုတာတိုက်ပွဲ။




"LIFE"
“Life is an opportunity, benefit from it.
Life is beauty, admire it.
Life is a dream, realize it.
Life is a challenge, meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise, fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy, confront it.
Life is an adventure, dare it.
Life is luck, make it.
Life is too precious, do not destroy it.
Life is life, fight for it.”
Mother Teresa

Wednesday, June 30, 2010

အိမ်မက်လှလှမက်ပါစေ

အိပ်မက်မမက်ဘူးတဲ့သူလို့တော့ရှိမယ်မထင်ပါဘူး။ များသောအားဖြင့် ကျွန်မတို့လက်ရှိခံစားရတဲ့ စိတ်ခံစား မှု ပေါ်မှာ စွဲလမ်းပြီး ပျော်စရာ၊ ကြည်နူးစရာကောင်းတဲ့ အိပ်မက်တွေ၊ သောကတွေနဲ့ပြည့်နေတဲ့အိပ်မက် တွေ၊ ကြောက်စရာ၊ဝမ်းနည်းစရာတွေနဲ့ပြည့်တဲ့ အိပ်မက်တွေ၊ လွမ်းစရာကောင်းတဲ့အိပ်မက်တွေ၊ ကိုမက်ခဲ့ကြဘူးမှာပါ၊ ကြည်နှူးစရာကောင်းတဲ့ကောင်းမက်တွေဆို အပြင်မှာတောင်အိပ်ပျော် နေရင်းပြုံးယောင်ယောင် ဖြစ်နေရုံသာမကဘူး နောက်တနေ့မှာပါ ကြည်နူးနေဦးမှာပါ ၊ ဝမ်းနည်းစရာ၊ ဆွေးစရာဆိုရင်တော့ နောက်နေ့မှာ ရင်တထိတ်ထိတ်နဲ့ ညိုးငယ်နေဦးမှာပါ။ ဘယ်သူမဆို အိမ်မက်လှလှလေးတွေပဲမက်ချင်ကြမှာပါပဲ။ ဒါကြောင့်မို့လို့လဲ အိပ်ယာဝင်ခါနီးဆို အိပ်မက်ချိုချိုလေးတွေမက်ဆို ဆုတောင်းပေးတဲ့ ထုံးစံ ပေါ်ခဲ့တာပဲမဟုတ်လား။

သူမမှာလည်း အိပ်မက်ချိုချိုတွေရှိခဲ့ဘူးပါတယ်။ အိပ်မက်ချိုချိုတွေထဲမှာ ရွှေရောင်အိပ်မက်တွေလဲ ပါပါတယ် သူမအိပ်မက်တွေထဲမှာ သူမရည်ရွယ်ချက်တွေ အရမ်းကြီးတယ်။ အောင်မြင်မှုတွေကိုပိုင်ဆိုင်ခဲ့တယ် သူမဟာ သူမအကျိုးကိုစွန့် လွှတ်ပြီး မိသားစုအကျိုးကို သယ်ပိုးနိုင်ရုံသာမကဘူး အများအကျိုး ကိုလည်းသယ်ပိုးနိုင်သူလို့ မက်ခဲ့ပြန်တယ်။ အဲဒီတုန်းကတော့သူမ အသက်ကခပ်ငယ်ငယ်၊ အင်အားကအပြည့် ၊ သူမအတွေးတွေကခပ်တိမ်တိမ်၊ နှလုံးသားကအဖြူေ၇ာင်၊ မိဘရင်ခွင်အောက်မှာဘဝဆိုတာဖြူသလား၊ မဲသလား၊ ချိုသလား၊ ခါးသလားဆိုတာ မမြည်း ကြည့်ခဲ့ဘူးတဲ့သူမအဖို့ ဘဝဆိုတာကိုယ်ဖန်ဆင်းချင်ရင် ဖန်ဆင်းချင်သလိုဖြစ်တာပဲ ကံကြမ္မာဆိုတာကိုယ်ကဖန်းတီးတာဆိုတဲ့မူဝါဒကို ကျင့်သုံးပြီး အားမာန်အပြည့်နဲ့ မက်ခဲ့တာဆိုတော့ သူမမက်ခဲ့တဲ့အိပ်မက်တွေက ခန်းနားနေတာမဆန်းပါဘူး။ ဒီလိုအိပ်မက်မျိုးကိုသူမတို့လို အရွယ်လူငယ်တိုင်းမက်တတ် ကြတာပဲလေ။

အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ သူမသည် မာရသွန်အပြေးသမားတယောက်လို ခရီးရှည်ကြီးကို မရပ် မနား ပြေးဖို့ကြိုးစားခဲ့တယ်။ ဘဝဆိုတာလဲ ထင်သလောက်မချိုဘူး ။ ချိုတဲ့အချိန်ရောက်အောင် အခါးပေါင်းမြောက်များစွာ ကိုဖြတ်သန်းရတယ်။ အလင်းရောင်ထဲရောက်ဖို့လဲ အမှောင်ထုတွေကို ဖောက်ထွင်းဖို့ကြိုးစားရတယ် ဆိုတာ သိလာရတော့ အိပ်မက်တွေကအရင်လို မလန်းဆန်းချင်တော့ဘူး။ အရင် သူမရဲ့အတွေးတိမ်တိမ်တွေထဲမှာ ပတ်ငန်းကျင်ရဲ့ပြောင်းလဲမှုတွေမပါဘူး၊ ခန္တာဗေဒရဲ့ပြောင်းလဲမှုတွေမပါဘူး ၊ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတွေလဲမပါဘူး၊ သဘာဝဘေးအန္တာရယ်တွေမပါဘူး၊ နိုင်ငံအသီးသီိးက ပြောင်းလဲတတ်တဲ့ အစိုးရရဲ့မူဝါဒတွေမပါဘူး၊ အချစ်ဆိုဝိုင်တခွက် လည်းမပါဘူး။ အခုတော့သူမအတွေးတိမ်တိမ်တွေကနက်ရှိင်းလာခဲ့ပေမယ့် အရင်လိုပြတ်သားမှုတွေမရှိတော့ဘူး။ မှန်သလား၊မှားသလားဆိုတဲ့ မောဟတွေနဲ့ဖိဆီးပြီး အရင်လိုရဲ့ရင့်တဲ့ ခြေလှမ်း တွေနေရာမှာ တွန့်ဆုတ်ဆုတ်ခြေလှမ်းတွေကအစားထိုးဝင်ရောက်လာခဲ့တယ်။ ပတ်ငန်းကျင်ရဲ့ပြောင်းလဲမှုအောက်မှာ သူမနှလုံးသားက သူမ သိလိုက်တဲ့အချိန်မှာတော့ ရောင်စုံဖြစ်နေ ပါပြီ၊ ခန္တာဗေဒရဲ့ပြောင်းလဲမှုအောက်မှာ မှတ်ဥာဏ်တွေလည်း မေ့လျော့တက်လာခဲ့ပြီးရွှေရောင်အိပ်မက်တွေက အရောင်တွေဖျော့လာခဲ့တယ်။ စိတ်သွားတိုင်းလဲကိုယ်မပါဘူး။ အခြားပြောင်းလဲမှုတွေအောက်မှာတော့ လောကဓံဆိုတဲ့ရိုက်ပုတ်မှု ကိုအလူးအလဲ ခံစားပြီး ကံဆိုတဲ့ တရားအရာကိုယုံကြည်မိလာတယ်။ မောမောပန်းပန်းပြေးလာချိန်မှာ အချစ်ဆိုတဲ့ ဝိုင်တခွက်ကို အိုအေစစ်ထင်ပြီးသောက်သုံးမိခဲ့နောက်မှာ ဘဝကိုတခနရစ်မူးပြီး အချိန်တွေဖြုန်းပြစ်မိပြန်တယ်။ သတိရလာတော့ ကိုမက်ခဲ့တဲ့ရွှေရောက်အိပ်မက်တွေကို ရောက်ဖို့ အသက်ဆိုတဲ့အချိန်ကန့်သတ်ချက်နဲ့ မှီမှမှီ နိုင်ပါဦးမလား ဆိုပြီးအိပ်မက်တွေက ဝေဝါးခဲ့ပြန်တယ်။


ဖြတ်သန်းခဲ့တဲ့အတိတ်က အနှစ်သုံးဆယ်။ ကိုယ်ကိုကိုယ်ဘယ်ရောက်နေပြီလဲလို့ကြည့်လိုက်တော့ ထွက်ခဲ့တဲ့တာနဲ့က သိပ်မဝေးသေးဘူး။ ကိုယ့်ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ရွှေရောင်အိပ်မက်က မပီဝိုးတဝါး။ ရှိမှရှိသေးရဲ့လားလို့ သေချာပြန်ကြည့်ပေမယ့် မရေရာမှုတွေနဲ့ဖုန်းကွယ်နေတယ်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လဲ သူလို့ပဲယောင်ဝါးဝါးဖြစ်နေတဲ့ သူငယ်ချင်းတွေ၊ ဘာဆက်လုပ်မလဲလို့မေးတော့ရှေ့ဆက်လျောက်တဲ့။ သူတို့အိပ်မက်တွေလဲ ဝိုးတိုးဝါးတားပဲ.... အရင်လိုအားမာန်တွေမပြည့်သလို အိပ်မက်ချိုတွေ လဲခါးကုန်ပါပြီတဲ့။ ရွှေေ၇ာင်တွေကတော့ အရောင်တွေ လဲမှေးမှိန်ကုန်ပြီတဲ့။ အဖေနဲ့အမေကတော့ လိုသေးတယ်ဆက်လုပ်တဲ့။
မိဘ ၊ သူငယ်ချင်းတွေရဲ့အားပေးမှုနဲ့ ကျန်တဲ့အားမာန်တွေကိုသုံးပြီး မျော်လင့်ချက်ကို မစွန့်လွှတ်သေးပဲ သူမဆက်လျောက်နေသေးတယ် ဆိုတာတော့ အားလုံးကို ကိုသိစေချင်ပါတယ်။ သူငယ်ချင်းတွေကို သူမကိုလည်း လဲကျမသွား အောင်ဆက်လက်အားပေး ခေါ်ဆောင်သွားပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

တနှစ်ပတ်လုံးအနားအားပေးကူညီးခဲ့တဲ့ ဖေဖေ၊မေမေ ၊ မောင်နှမ များနဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။

သူငယ်ချင်းတွေအားလုံးလည်းအိပ်မက်လှလှမက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
မေမဒီ
(ဇူလိုင် ၁၉ မှာကျမဲ့ မွေးနေ့အမှီ အမှတ်တရပေါ့)

Tuesday, June 29, 2010

မရေးတာအတော်ကြာသွားပြိ

မရေးတာအတော်ကြာသွားပြီ။

မအားလို့ပါ

Monday, February 1, 2010

မဒီရဲ့ခွန်အားများ



သူငယ်ချင်းဇွန်မိုးစက်ရဲ့ ဘလော့မှာတွေ့မှ သူကိုတွေ့လို့သတိရမိတယ်။
မဒီဘဝမှာအရေးပါဆုံးအချိန်တွေမှာ သူက အပါးမှာရှိခဲ့ပါတယ်။
မောင်နှမ၃ယောက်ထဲမှာ စာသင်ရအခက်ဆုံးပဲလို့ပြောခဲ့ဘူးတဲ့ မေမေ့အတွက် ဂုဏ်ထူးတွေယူလာခဲ့တုန်းက သူကကိုယ့်အနားမှာ။
မိသားစုနဲ့ဝေးပြီး ဘဝတခုကိုဖြတ်သန်းနေတဲ့အချိန်မှာ ဖေဖေ့အနားကိုသူကိုစေလွတ်ခဲ့တယ်။
သူငယ်ချင်းတွေစိတ်ဓာတ်ကျရင်ပဲဖြစ်ဖြစ် ၊ ခက်ခဲတဲ့အချိန်တခုကိုဖြတ်သန်းနေရင်ပဲ ဖြစ်ဖြစ်သူ့ကို အကူအညီတောင်း ခဲ့တယ်။
ဟိုတုန်းကလဲသူကအနားမှာ။ အခုလဲသူ`့ကိုလက်မလွတ်နိုင်သေးဘူး။
သူကတော့ 'ထိပ်ဆုံးသို့' ဆိုတဲ့ကဗျာလေးပေါ့။


နောက်ပုံပမာလေးရှိသေးတယ်။ အဲဒါကမပုကြွယ်နဲ့ခရုငယ်ပေါ့။

မဒီတော့ အသက်ကြီးလာတာနဲ့ အမျှမပုကြွယ်နဲ့ ပိုပိုတူတူလာတယ်။ တခါတလေစိတ်သွားတိုင်း ကိုယ်မပါတော့ပေမယ့်ဖြေးဖြေးခြင်း၊ စိတ်ရှည်ရှည်ထားပြီး ဖြစ်ချင်တာလေးတွေကို ဖြစ်အောင်လုပ်ရတယ်။

နောက် motto လေးရှိသေးတယ်။

"There are ups and downs in our live"
ဟုတ်တယ်လေ တက်လိုက်ကျလိုက်ပေါ့ဘာဖြစ်လဲ။ ဒါပေမယ်အရမ်းမကျစေနဲ့။


နောက်မဒီ စိတ်ဓာတ်ကျတိုင်းကိုယ့်ကိုကိုယ်အားပေးတာရှိသေးတယ်။
ဘယ်သူရှဲ့quotes လဲဆိုတာမမှတ်မိတော့ဘူး။ အဲဒါက

"အမြဲတမ်းအောင်မြင်နေတာ အောင်မြင်ခြင်းအစစ်မဟုတ်ဘူး
ကျရှုးံမှုမျိုးစုံမှ့ ပြန်ထကာထူထောင်နိုင်လာတာမှ ကြီးကျယ်သောအောင်ပွဲဖြစ်သည်။ "

မဒီတို`့တွေမှာမှာ လွဲချော်သွားခဲ့တာတွေ ရှိမှာပါ။ အခုလိုအရာရာအားလုံးမတည် ငြိမ်တဲ့ခေတ်ကြီးထဲမှာ ကျရှုံးမှုဆိုတာ တချိန်မဟုတ်တချိန်ကြုံရမှာပဲ။ တချို`့လဲမတော်တဆ၊ တချို့လဲခေတ်ကြောင့် ၊ ကမ္ဘာ`့စီးပွားရေးကပ်၊ သဘာဝဘေးအန္တာရာယ် စသည်စသည်ပေါ့။ ဒီလိုကျရှုံးမှုတွေကြုံလာရင် ကျရှုံးလို့စိတ်ဓာတ်ကျနေမဲ့အစား ကိုယ့်ကိုကိုယ်ပြန်လည်ထူထောင်နိုင်အောင်ကြိုးစားတာအကောင်းဆုံးပဲ။ ကိုယ့်ကိုကိုယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဓာတဟာအရေးကြီးဆုံးပါ။


ဒါလေးတွေအားလုံးကမဒီခွန်အားတွေပေါ့။

သူငယ်ချင်းတွေရဲ့အားပေးသံတွေနဲ့တော့ဘယ်လဲလို`့ရမလဲနော်။ ဟုတ်တယ်မို့လား။

Tuesday, January 26, 2010

သူပြုံးနေတာ

လူတယောက် သည်မိုးကြိုးပစ် ခံရပြီး သေသွားသည်။ လူသေကိုစစ်ဆေးပြီး စိတ်ရှုပ်ထွေးသွားသော ဆရာဝန်က ရဲကိုမေးသည်။ "သူဘာလို့ပြုံးနေတာလဲ"။ ရဲဖြေလိုက်တာက "သြော်သူစိတ်ထဲမှာ တယောက်ယောက်က ဓာတ်ပုံရိုက်လိုက်တယ် လို့ထင်လို့ပါ။ "

Sunday, January 24, 2010

မြန်မာ့စပါး


စိုက်ပျိုးရေးကိုအခြေခံသည့် ကျွန်မတို့မြန်မာနိုင်ငံသည် တချိန်က အာရှစပါးကျီဖြစ်ခဲ့ပြီး အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ မြန်မာ့နိုင်ငံ ၏အဓိက ထွက်ကုန်မှာ စပါး ဖြစ်ပြီး တိုင်းပြည်`၏ စိုက်ပျိုးရေးဧရိယာ၏၆၀% ကို စပါးစိုက်ပျိုးပါသည်။ ယခုအခါမြန်မာ့ဆန်စပါးသည် ကမ္ဘာဈေးကွက်တွင် ပြန်လည်ဦးမော့လာပြန်သည်။ ဤကဲ့သို့ မြန်မာ့ဆန်စပါးဝယ်လိုအား တိုးတက်လာရခြင်း အကြောင်းအရင်းများစွာရှိပါသည်။ဝယ်လိုအားတိုးတတ်လာသော မြန်မာ့ဆန်စပါးကို ကမ္ဘာ`့ဈေးကွက်သို့ဝင်ရန် ကြိုးပမ်းသင့်သည်။


ကမ္ဘာ့လူဦးရေတိုးတတ်လာမှု
တိုးပွားလာသောကမ္ဘာ`့လူဦးရေ`နှင့်အညီ စပါးဝယ်လိုအားသည် နှစ်စဉ်နှစ်တိုင်း တန်၅သန်း တိုးပွားနေပါသည်။ ဆိုလိုသည်မှာ ၁၀ နှစ်ကာလအတွင်းတွင် ကမ္ဘာ`့ဆန်စပါးလိုအပ်မှုသည် ယခုလက်ရှိထက် တန်သန်း၅၀ လိုအပ်မည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ
မိုးခေါင်ရေရှားမှုသည် စပါးထွက်ကုန်ကိုကျဆင်းစေသည်။ ဩစတြေးလျကဲ့သို့သောနိုင်ငံများတွင် မိုးခေါင်သောကြောင့် ရှားပါးလာသောရေကိုခွဲဝေသုံးစွဲရရာ ရေကြိုက်သောစပါးစိုက်ပျိုးခြင်းကို စွန့်လွှတ်၍ ရေကြိုက်နည်း ၍ အမြတ်များများထွက်သော စပျစ်။ ဂျုံ ကဲ့သို့သော ကောက်ပဲသီးနှံများကို စိုက်ပျိုးလာခြင်းသည် ကမ္ဘာ`့လူဦးရေ`၏သန်း၂၀စာလောက် ဆန်စပါးလိုအပ်မှုကို မဖြည့်ဆည်းပေးနိုင်တော့ပေ။`

ရေကြီးမှု နှင့်် မုန်တိုင်းစသော ဘာဝဘေးအန္တရယ်သည်လည်း စပါးထွက်နှုန်းကိုကျဆင်းစေသော အချက်တချက်ဖြစ်သည်။ မကြာသေးမီက ဖိလစ်ပိုင်တွင်ရေကြီးသွားမှုသည် စပါးတင်ပို့မှုကိုများစွာ လျော့ကျသွားစေသည်။

ငတ်မွတ်ခေါင်းပါးမှု

ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတသောကြောင့် ဈေးတက်လာသောဆန်ဈေးကြောင့် အာဖရိက ကဲ့သို့နိုင်ငံများတွင် ဆန်စပါးကိုမတတ်နိုင်ကြတော့ချေ။ ကမ္ဘာ`့အရည်အသွေးအဆင့်မှီရန်လိုအပ်သေး သောမြန်မာ့ဆန်စပါးကိုအာဖရိကကဲ့သို့နိုင်ငံ နိုင်ငံ အထိကတင်သွင်းခဲ့သည်။ စုစုပေါင်းပြည်ပတင်ပို့မှု`၏ ၈၀% သည် အာဖရိကနိုင်ငံသို့ ဖြစ်သည်။

အခြားမှာယူတင်သွင်းသော နိုင်ငံများမှာ သိရိလင်္ကာ၊ စင်ကာပူ၊ မြောက်ကိုးရီးယား၊ အီဂျစ် နှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ဖြစ်ပါသည်။

မြေအသုံးချမှု

မြန်မာနိုင်ငံတွင်သာမက အထိကစပါးတင်ပို့နေသောနိုင်ငံများတွင် စပါး စိုက်ပျိုးရာလယ်နေရာများသည် တဖြည်းဖြည်းနည်းပါးလာသည်။ လယ်သမားများသည် ငွေများများရလွယ်သော ဝိုင်နှင့်သဘာဝလောင်စာ ထုတ်လုပ်နိုင်သော သီးနှံများကို ပြောင်းလဲစိုက်ပျိုးလာသည်။ တိုးပွားလာသောလူဦးရေနှင်းအညီ လယ်ကွက်များသည် အဆောက်အအုံသစ်များဖြင့် စည်ပင်တိုးတက်နေသော မြို`့ပြနယ်မြေများ ဖြစ်လာသည်။

စပါးဖျက်ပိုး

တခါတရံတွင် ပြောင်းလဲလာသောရာသီဥတုကြောင့်စပါးဖျက်ပိုးများကျ ရောက်ပါက တင်သွင်းမှုကိုလျော့ကျသွားစေသည်။

ဈေးးနှုန်း

မြန်မာ့ဆန်ဈေးသည် အခြားဆန်တင်ပို့သောနိုင်ငံများနှင့်ယှဉ်လျင် ဈေးနှုန်းသက်သာသည်။ သို့သော်အရည်အသွေးကွာသည်။

ယခုအခါအဓိကစပါး တင်သွင်းသောနိုင်ငံများမှာ ဩစတြေးလျ၊ ထိုင်း၊ဗီယက်နမ် ကဲ့သို့သောနိုင်ငံများတွင် အထက်ပါ အချက်များကြောင့်စပါး တင်ပို့မှုလျော့ကျသွားသော အခါမြန်မား ဆန်စပါးကို အစားထိုးလာသောကြောင့် ကမ္ဘာ`့ဈေးကွက်သို့ပြန်လည်ဝင်ရောက်လာသည်။

မြန်မာ့ဆန်စပါး`၏ အရည်အသွေးကိုယခုထက် ကောင်းမွန်အောင် ပြုလုပ်နိုင်ပါက အစားထိုး မှ အဓိကဈးကွက် ကိုထိုးဖောက်ဝင်ရောက် နိုင်မည် ဖြစ်သည်။ ထိုအခါမှသာ အာရှစပါးကျီ ဟုသော ခေါင်းစည်းကို ပြန်လည်ရ ရှိမည်ဖြစ်သည်။

စပါးစိုက်ပျိုးသောနိုင် ငံများသည် မိမိနိုင်ငံတွင်း တွင် စားသုံးနိုင်ရန် သာကြိုးစားစိုက်ပျိုးနေချိန်တွင် ထိုင်းနိုင်ငံသည်မိမိနိုင်ငံတွင်းသာမက ပြသည်ပသို့ နှစ်စဉ်စပါး တန်ချိန် ၉သန်းတင်သွင်းကာ အာရှစပါးကျီဟူသော ဂုဏ်ပုဒ်ကို ရထားသည်။

ထိုင်းနိုင်ငံ`၏ စပါးအလျှံပယ် ရ ခြင်း`၏လျို`့ဝှက်ချက်ကို လေ့လာမည်ဆိုလျင်-

Thai Rice Foundation သည် ပုဂ္ဂလိက ဆန်လုပ်ငန်းများကို အခွင့်အရေးပေးထားသည်။ ဒီကနေ့တည်ရှိနေသော ထိုင်းဆန်လုပ်ငန်း အခြေအနေကို ကုန်သည်များ၊ ဆန်စက်များ၊ ထုတ်ကုန်တင်သွင်းသူများက ဝိုင်းဝန်းတည်ထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံကဲ့သို့ပင် ထိုင်းနိုင်ငံတွင် စပါးစိုက်ပျိုးရန် မြေဆီ်ဩဇာပေါများ၍ ရေပေါများစွာရသော မြစ်ဝကျွန်းပေါ်ကဲ့သို့ သောနေရာဒေသများ ၊ သင့်တော်သော ရာသီဥတုတို့ ရှိသည်။

ထိုင်းအစိုးရသည် ရှေးအစဉ်အဆက် တောင်သူလယ်သမားများကို ငွေထုတ်ချီးပေးခြင်းဖြင့် စပါးမထွက်သော အခါများတွင်ရှင်သန်ရပ်တည်စေခဲ့သည်။ လက်လုပ်လက်စား ဆင်းရဲသော လယ်သမားလေးများကို ငွေထုတ်ချီးရန် ပုဂ္ဂလိက ဘဏ်ငယ်လေးများကို အစိုးရမှထောက်ပံခဲသည်။

ထိုမျှသာမက ထုပ်လုပ်မျှလျင်မြန်စေရင် စိုက်ပျိုးရေးနှင့်ဆိုင်သော နည်းပညာများကိုအားပေးသည်။ လယ်သမားများကို သင်တန်းများ၊ လေ့ကျင့်မှုများပေးသည်။

ထိုင်းနိုင်ငံ၏ အကျိုးသက်ရောက်သော လူဦးရေထိန်းချုပ်မှု သည်ပြည်တွင်းစားသုံးမှုကို လျော့ချနိုင်ခဲ့ပြီး ပြည်ပတင်ပို့မှုကို ပိုမိုများပြားစေသည်။

တိုးတက်များပြားလာသောလူဦးရေ`၏ ဆန်းစပါးဝယ်လိုအားလိုအပ်ချက် ကိုဖြည့်ဆည်းပေးရန် ဆန်စပါးပိုမိုတိုးတက်ထုတ်လုပ်ရန်လိုအပ်သည်။ စပါးဈေးသည်အလွယ်တကူကျမည်မဟုတ်။ မြန်မာနိုင်ငံသည် ယခုရရှိထားသောစပါးဈေးကွက်ကို ဆက်လက်ထိန်းသိမ်းရင်း အရည်အသွေး မြှင့်တင် နိုင်လျင် နိုင်ငံ`၏စီးပွားရေးတိုးတက်၍ ရည်မှန်းထားသော အာရှစပါးကျီ ဖြစ်လာနိုင်ပေသည်။

မေမဒီဆွေးနွေးတင်ပြပါသည်။

စာညွှန်း၊

http://www.irrawaddy.org/bur/index.php/news/1-news/2443-2010-01-19-09-21-56

http://en.wikipedia.org/wiki/Burma

http://www.mizzima.com/news/inside-burma/2910-rice-prices-soar.html

http://www.thedailystar.net/newDesign/news-details.php?nid=123235

http://beta.irri.org/news/index.php/rice-news/myanmar-rice-prices-soar.html

http://economictimes.indiatimes.com/markets/commodities/Rice-price-unlikely-to-fall-in-global-market/articleshow/5434791.cms

Tuesday, January 19, 2010

ကလေးအတွေး၁

မိခင်တယောက်ကသူမ၏ (၃)နှစ်သားကလေးကို လမ်းပေါ်မှာ ဘယ်လိုလုံခြုံစွာလျှောက်ရမယ်ဆိုတာ ကိုသင်နေတာပါ။ ပလက်ဖောင်းမရှိတဲ့သူတို့အိမ်နားက လမ်းလေးမှာမိခင်က "သား ကားလာလို့ရှိရင် လမ်းရဲ့ဒီဘက် ဒါမှမဟုတ်ရင် ဟိုဘက်ကို ကပ်ရမယ်နော်" ။ မိခင်ကလည်း စိတ်ပူစွာနဲ့ ဒါကိုပဲ ထပ်ခါထပ်ခါရှင်းပြန်ပြောပါတယ်။ မိခင်စိတ်ထဲမှာကလေး ကနားလည်တယ်လို့ထင်ပါတယ်။ အဲဒီအချိန်မှာ ကားလာပါတယ်။ မိခင်ကသူမရဲ့သားငယ်ကို စမ်းသပ်ချင်စိတ်နဲ့။ "သား ကားလာနေပြီ ဘယ်လိုလုပ်မလဲလို့ "မေးလိုက်တော့သားဖြစ်သူက " လမ်းရဲ့ဟိုဘက် နဲ့ ဒီဘက်ကို ကူးရပါမယ်၊" ပြန်ဖြေပါတယ်။