Monday, February 1, 2010

မဒီရဲ့ခွန်အားများ



သူငယ်ချင်းဇွန်မိုးစက်ရဲ့ ဘလော့မှာတွေ့မှ သူကိုတွေ့လို့သတိရမိတယ်။
မဒီဘဝမှာအရေးပါဆုံးအချိန်တွေမှာ သူက အပါးမှာရှိခဲ့ပါတယ်။
မောင်နှမ၃ယောက်ထဲမှာ စာသင်ရအခက်ဆုံးပဲလို့ပြောခဲ့ဘူးတဲ့ မေမေ့အတွက် ဂုဏ်ထူးတွေယူလာခဲ့တုန်းက သူကကိုယ့်အနားမှာ။
မိသားစုနဲ့ဝေးပြီး ဘဝတခုကိုဖြတ်သန်းနေတဲ့အချိန်မှာ ဖေဖေ့အနားကိုသူကိုစေလွတ်ခဲ့တယ်။
သူငယ်ချင်းတွေစိတ်ဓာတ်ကျရင်ပဲဖြစ်ဖြစ် ၊ ခက်ခဲတဲ့အချိန်တခုကိုဖြတ်သန်းနေရင်ပဲ ဖြစ်ဖြစ်သူ့ကို အကူအညီတောင်း ခဲ့တယ်။
ဟိုတုန်းကလဲသူကအနားမှာ။ အခုလဲသူ`့ကိုလက်မလွတ်နိုင်သေးဘူး။
သူကတော့ 'ထိပ်ဆုံးသို့' ဆိုတဲ့ကဗျာလေးပေါ့။


နောက်ပုံပမာလေးရှိသေးတယ်။ အဲဒါကမပုကြွယ်နဲ့ခရုငယ်ပေါ့။

မဒီတော့ အသက်ကြီးလာတာနဲ့ အမျှမပုကြွယ်နဲ့ ပိုပိုတူတူလာတယ်။ တခါတလေစိတ်သွားတိုင်း ကိုယ်မပါတော့ပေမယ့်ဖြေးဖြေးခြင်း၊ စိတ်ရှည်ရှည်ထားပြီး ဖြစ်ချင်တာလေးတွေကို ဖြစ်အောင်လုပ်ရတယ်။

နောက် motto လေးရှိသေးတယ်။

"There are ups and downs in our live"
ဟုတ်တယ်လေ တက်လိုက်ကျလိုက်ပေါ့ဘာဖြစ်လဲ။ ဒါပေမယ်အရမ်းမကျစေနဲ့။


နောက်မဒီ စိတ်ဓာတ်ကျတိုင်းကိုယ့်ကိုကိုယ်အားပေးတာရှိသေးတယ်။
ဘယ်သူရှဲ့quotes လဲဆိုတာမမှတ်မိတော့ဘူး။ အဲဒါက

"အမြဲတမ်းအောင်မြင်နေတာ အောင်မြင်ခြင်းအစစ်မဟုတ်ဘူး
ကျရှုးံမှုမျိုးစုံမှ့ ပြန်ထကာထူထောင်နိုင်လာတာမှ ကြီးကျယ်သောအောင်ပွဲဖြစ်သည်။ "

မဒီတို`့တွေမှာမှာ လွဲချော်သွားခဲ့တာတွေ ရှိမှာပါ။ အခုလိုအရာရာအားလုံးမတည် ငြိမ်တဲ့ခေတ်ကြီးထဲမှာ ကျရှုံးမှုဆိုတာ တချိန်မဟုတ်တချိန်ကြုံရမှာပဲ။ တချို`့လဲမတော်တဆ၊ တချို့လဲခေတ်ကြောင့် ၊ ကမ္ဘာ`့စီးပွားရေးကပ်၊ သဘာဝဘေးအန္တာရာယ် စသည်စသည်ပေါ့။ ဒီလိုကျရှုံးမှုတွေကြုံလာရင် ကျရှုံးလို့စိတ်ဓာတ်ကျနေမဲ့အစား ကိုယ့်ကိုကိုယ်ပြန်လည်ထူထောင်နိုင်အောင်ကြိုးစားတာအကောင်းဆုံးပဲ။ ကိုယ့်ကိုကိုယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဓာတဟာအရေးကြီးဆုံးပါ။


ဒါလေးတွေအားလုံးကမဒီခွန်အားတွေပေါ့။

သူငယ်ချင်းတွေရဲ့အားပေးသံတွေနဲ့တော့ဘယ်လဲလို`့ရမလဲနော်။ ဟုတ်တယ်မို့လား။

1 comment:

  1. သူငယ်ချင်း မဒီရေ...ဒီကဗျာလေးကို ထပ်ဆင့်မျှဝေခံစားပေးတဲ့အတွက် ကျေးဇူးပါ။ တကယ်တော့ ဒီကဗျာလေးကို ဇွန်ပထမဆုံး စင်္ကာပူလာတုန်းက ညိုကရေးပြီပေးခဲ့တာ။ အခက်အခဲတွေကြုံလို့ စိတ်ဓာတ်ကျတိုင်း ခဏခဏရွတ်ကြည့်မိတဲ့ကဗျာလေးတစ်ပုဒ်ပါ။ ခုချိန်ထိပဲပေါ့။ မဒီရေးမှ စဉ်းစားမိတယ်..မပုကြွယ်နဲ့ခရုငယ်လို ဆိုတာလေး ဇွန့်အတွက်လည်း ဟုတ်နေတယ်။
    အတက်အကျ၊ အောင်မြင်ကျဆုံးခြင်းတွေနဲ့ လောကဓံတရားကို ရင်ဆိုင်ရတဲ့အခါ သူငယ်ချင်းတွေရဲ့ အားပေးမှုသာမရယင် ဒီလောက်ခံရည်နိုင်ရှိပါ့မလားပဲနော်။
    သေချာတာတော့ တို့တွေ နောက်ဘ၀လည်း ဆုံကြအုံးမှာနော်။း)

    ReplyDelete