Wednesday, June 30, 2010

အိမ်မက်လှလှမက်ပါစေ

အိပ်မက်မမက်ဘူးတဲ့သူလို့တော့ရှိမယ်မထင်ပါဘူး။ များသောအားဖြင့် ကျွန်မတို့လက်ရှိခံစားရတဲ့ စိတ်ခံစား မှု ပေါ်မှာ စွဲလမ်းပြီး ပျော်စရာ၊ ကြည်နူးစရာကောင်းတဲ့ အိပ်မက်တွေ၊ သောကတွေနဲ့ပြည့်နေတဲ့အိပ်မက် တွေ၊ ကြောက်စရာ၊ဝမ်းနည်းစရာတွေနဲ့ပြည့်တဲ့ အိပ်မက်တွေ၊ လွမ်းစရာကောင်းတဲ့အိပ်မက်တွေ၊ ကိုမက်ခဲ့ကြဘူးမှာပါ၊ ကြည်နှူးစရာကောင်းတဲ့ကောင်းမက်တွေဆို အပြင်မှာတောင်အိပ်ပျော် နေရင်းပြုံးယောင်ယောင် ဖြစ်နေရုံသာမကဘူး နောက်တနေ့မှာပါ ကြည်နူးနေဦးမှာပါ ၊ ဝမ်းနည်းစရာ၊ ဆွေးစရာဆိုရင်တော့ နောက်နေ့မှာ ရင်တထိတ်ထိတ်နဲ့ ညိုးငယ်နေဦးမှာပါ။ ဘယ်သူမဆို အိမ်မက်လှလှလေးတွေပဲမက်ချင်ကြမှာပါပဲ။ ဒါကြောင့်မို့လို့လဲ အိပ်ယာဝင်ခါနီးဆို အိပ်မက်ချိုချိုလေးတွေမက်ဆို ဆုတောင်းပေးတဲ့ ထုံးစံ ပေါ်ခဲ့တာပဲမဟုတ်လား။

သူမမှာလည်း အိပ်မက်ချိုချိုတွေရှိခဲ့ဘူးပါတယ်။ အိပ်မက်ချိုချိုတွေထဲမှာ ရွှေရောင်အိပ်မက်တွေလဲ ပါပါတယ် သူမအိပ်မက်တွေထဲမှာ သူမရည်ရွယ်ချက်တွေ အရမ်းကြီးတယ်။ အောင်မြင်မှုတွေကိုပိုင်ဆိုင်ခဲ့တယ် သူမဟာ သူမအကျိုးကိုစွန့် လွှတ်ပြီး မိသားစုအကျိုးကို သယ်ပိုးနိုင်ရုံသာမကဘူး အများအကျိုး ကိုလည်းသယ်ပိုးနိုင်သူလို့ မက်ခဲ့ပြန်တယ်။ အဲဒီတုန်းကတော့သူမ အသက်ကခပ်ငယ်ငယ်၊ အင်အားကအပြည့် ၊ သူမအတွေးတွေကခပ်တိမ်တိမ်၊ နှလုံးသားကအဖြူေ၇ာင်၊ မိဘရင်ခွင်အောက်မှာဘဝဆိုတာဖြူသလား၊ မဲသလား၊ ချိုသလား၊ ခါးသလားဆိုတာ မမြည်း ကြည့်ခဲ့ဘူးတဲ့သူမအဖို့ ဘဝဆိုတာကိုယ်ဖန်ဆင်းချင်ရင် ဖန်ဆင်းချင်သလိုဖြစ်တာပဲ ကံကြမ္မာဆိုတာကိုယ်ကဖန်းတီးတာဆိုတဲ့မူဝါဒကို ကျင့်သုံးပြီး အားမာန်အပြည့်နဲ့ မက်ခဲ့တာဆိုတော့ သူမမက်ခဲ့တဲ့အိပ်မက်တွေက ခန်းနားနေတာမဆန်းပါဘူး။ ဒီလိုအိပ်မက်မျိုးကိုသူမတို့လို အရွယ်လူငယ်တိုင်းမက်တတ် ကြတာပဲလေ။

အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ သူမသည် မာရသွန်အပြေးသမားတယောက်လို ခရီးရှည်ကြီးကို မရပ် မနား ပြေးဖို့ကြိုးစားခဲ့တယ်။ ဘဝဆိုတာလဲ ထင်သလောက်မချိုဘူး ။ ချိုတဲ့အချိန်ရောက်အောင် အခါးပေါင်းမြောက်များစွာ ကိုဖြတ်သန်းရတယ်။ အလင်းရောင်ထဲရောက်ဖို့လဲ အမှောင်ထုတွေကို ဖောက်ထွင်းဖို့ကြိုးစားရတယ် ဆိုတာ သိလာရတော့ အိပ်မက်တွေကအရင်လို မလန်းဆန်းချင်တော့ဘူး။ အရင် သူမရဲ့အတွေးတိမ်တိမ်တွေထဲမှာ ပတ်ငန်းကျင်ရဲ့ပြောင်းလဲမှုတွေမပါဘူး၊ ခန္တာဗေဒရဲ့ပြောင်းလဲမှုတွေမပါဘူး ၊ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတွေလဲမပါဘူး၊ သဘာဝဘေးအန္တာရယ်တွေမပါဘူး၊ နိုင်ငံအသီးသီိးက ပြောင်းလဲတတ်တဲ့ အစိုးရရဲ့မူဝါဒတွေမပါဘူး၊ အချစ်ဆိုဝိုင်တခွက် လည်းမပါဘူး။ အခုတော့သူမအတွေးတိမ်တိမ်တွေကနက်ရှိင်းလာခဲ့ပေမယ့် အရင်လိုပြတ်သားမှုတွေမရှိတော့ဘူး။ မှန်သလား၊မှားသလားဆိုတဲ့ မောဟတွေနဲ့ဖိဆီးပြီး အရင်လိုရဲ့ရင့်တဲ့ ခြေလှမ်း တွေနေရာမှာ တွန့်ဆုတ်ဆုတ်ခြေလှမ်းတွေကအစားထိုးဝင်ရောက်လာခဲ့တယ်။ ပတ်ငန်းကျင်ရဲ့ပြောင်းလဲမှုအောက်မှာ သူမနှလုံးသားက သူမ သိလိုက်တဲ့အချိန်မှာတော့ ရောင်စုံဖြစ်နေ ပါပြီ၊ ခန္တာဗေဒရဲ့ပြောင်းလဲမှုအောက်မှာ မှတ်ဥာဏ်တွေလည်း မေ့လျော့တက်လာခဲ့ပြီးရွှေရောင်အိပ်မက်တွေက အရောင်တွေဖျော့လာခဲ့တယ်။ စိတ်သွားတိုင်းလဲကိုယ်မပါဘူး။ အခြားပြောင်းလဲမှုတွေအောက်မှာတော့ လောကဓံဆိုတဲ့ရိုက်ပုတ်မှု ကိုအလူးအလဲ ခံစားပြီး ကံဆိုတဲ့ တရားအရာကိုယုံကြည်မိလာတယ်။ မောမောပန်းပန်းပြေးလာချိန်မှာ အချစ်ဆိုတဲ့ ဝိုင်တခွက်ကို အိုအေစစ်ထင်ပြီးသောက်သုံးမိခဲ့နောက်မှာ ဘဝကိုတခနရစ်မူးပြီး အချိန်တွေဖြုန်းပြစ်မိပြန်တယ်။ သတိရလာတော့ ကိုမက်ခဲ့တဲ့ရွှေရောက်အိပ်မက်တွေကို ရောက်ဖို့ အသက်ဆိုတဲ့အချိန်ကန့်သတ်ချက်နဲ့ မှီမှမှီ နိုင်ပါဦးမလား ဆိုပြီးအိပ်မက်တွေက ဝေဝါးခဲ့ပြန်တယ်။


ဖြတ်သန်းခဲ့တဲ့အတိတ်က အနှစ်သုံးဆယ်။ ကိုယ်ကိုကိုယ်ဘယ်ရောက်နေပြီလဲလို့ကြည့်လိုက်တော့ ထွက်ခဲ့တဲ့တာနဲ့က သိပ်မဝေးသေးဘူး။ ကိုယ့်ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ရွှေရောင်အိပ်မက်က မပီဝိုးတဝါး။ ရှိမှရှိသေးရဲ့လားလို့ သေချာပြန်ကြည့်ပေမယ့် မရေရာမှုတွေနဲ့ဖုန်းကွယ်နေတယ်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လဲ သူလို့ပဲယောင်ဝါးဝါးဖြစ်နေတဲ့ သူငယ်ချင်းတွေ၊ ဘာဆက်လုပ်မလဲလို့မေးတော့ရှေ့ဆက်လျောက်တဲ့။ သူတို့အိပ်မက်တွေလဲ ဝိုးတိုးဝါးတားပဲ.... အရင်လိုအားမာန်တွေမပြည့်သလို အိပ်မက်ချိုတွေ လဲခါးကုန်ပါပြီတဲ့။ ရွှေေ၇ာင်တွေကတော့ အရောင်တွေ လဲမှေးမှိန်ကုန်ပြီတဲ့။ အဖေနဲ့အမေကတော့ လိုသေးတယ်ဆက်လုပ်တဲ့။
မိဘ ၊ သူငယ်ချင်းတွေရဲ့အားပေးမှုနဲ့ ကျန်တဲ့အားမာန်တွေကိုသုံးပြီး မျော်လင့်ချက်ကို မစွန့်လွှတ်သေးပဲ သူမဆက်လျောက်နေသေးတယ် ဆိုတာတော့ အားလုံးကို ကိုသိစေချင်ပါတယ်။ သူငယ်ချင်းတွေကို သူမကိုလည်း လဲကျမသွား အောင်ဆက်လက်အားပေး ခေါ်ဆောင်သွားပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

တနှစ်ပတ်လုံးအနားအားပေးကူညီးခဲ့တဲ့ ဖေဖေ၊မေမေ ၊ မောင်နှမ များနဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။

သူငယ်ချင်းတွေအားလုံးလည်းအိပ်မက်လှလှမက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
မေမဒီ
(ဇူလိုင် ၁၉ မှာကျမဲ့ မွေးနေ့အမှီ အမှတ်တရပေါ့)

4 comments:

  1. Happy Birthday to you Ni ...
    Where There's Will, There's Always A Way ...
    Never give up :)
    We are always with you..
    Love,
    Mon

    ReplyDelete
  2. တို့တွေရောက်နေတဲ့နေရာကို စက်ရုပ်ကျွန်းလို့ပြောကြတယ်။ ဒီကျွန်းလေးမှာ လူသားဆန်ဆန် ဆက်ပြီးရှင်သန်နေနိုင်တာ အိမ်မက်တွေကြောင့်ပါ မဒီ။ ၀ိုးတ၀ါးဖြစ်လာပေမယ့် ပြောက်မသွားသေးဘူး။ အရောင်တွေမှိန်သွားပေမယ့် မြင်နေရပါသေးတယ်။ ဆက်ပြီးမက်ပါ မဒီ။

    ReplyDelete
  3. သူငယ်ချင်းရေ... အရောင်မှိန်သွားတဲ့ အိပ်မက်ပေါ်ကို နောက်ထပ်အိပ်မက်အသစ်နဲ့ အရောင်တင်လိုက်ကြရအောင်။ အားမာန်တွေတင်းပြီး အတူတူဆက်မက်ရအောင်။ လဲကျသွားရင်တောင်မှ ထူမဖို့ မဒီ့ဘေးမှာ အဆင်သင့်ရှိနေကြမယ်ဆိုတာတော့ ဘယ်တော့မှ မမေ့နဲ့နော်။

    ချစ်သူငယ်ချင်း
    ဇွန်

    ReplyDelete