Saturday, July 25, 2009

အကောင်းဆုံးဆေး

တနင်္ဂနွေ

စိတ်ဆိုးနေတဲ့ ဖောက်သည်တယောက်က ကျွန်မတို့ရဲ့ သတင်းစာတိုက်ကို ဖုန်းခေါ်ပြီး တနင်္ဂနွေသတင်းစာ မရသေးတဲ့ အကြောင်း ဒေါနဲ့မောနဲ့ ကျယ်ကျယ်လောင်လောင်မေးပါတယ်။

ကျွန်မက ကြားဖြတ်ပြီး "ဒီနေ့က စနေနေ့ ပါအမ၊ တနင်္ဂနွေ သတင်းစာကို တနင်္ဂနွေနေ့ မရောက်မချင်း ပို့ပေးမှာမဟုတ်ဘူး " လို့ြေ့ပာလိုက်တော့မှ တဖက်က အသံခဏ တိတ်သွားပြီး "သြော် ဟုတ်သားပဲ ဒါကြောင့် ဘုရားကျောင်းမှာလူမရှိတာကိုး' ဟုသူဘာသာပြောပြီးဖုန်းချ သွားပါတယ်၊

သိပ်ကိုမအားလပ် တဲ့တခါတလေ မှာဖြစ်တတ်ပါတယ်။



ထိရောက်သော ငွေတောင်းလွှာ

ကျွန်မသည် လျှပ်စစ်၊ ဖုန်း အစရှိသော ငွေတောင်းလွှာများ နှင့်ပတ်သတ်လာလျှင ချက်ချင်းပေးတတ်သော အကျင့်ရှိပါသည်။ အဲဒါကြောင့် မီးပြင်သမားဆီမှ ရသောငွေတောင်းလွှာတွင် ဒုတိယနှင့် နောက်ဆုံးအကြိမ် သတိပေးခြင်း ဟုစာလုံးမဲနှင့် ဖော်ပြထားရာ ကျွန်မတော်တော်လေးစိတ်ဝင်စားသွားပါသည်။ မီးပြင်သမားအား ဖုန်းဆက်ခေါ် ပြီးကျွန်မ ပထမငွေတောင်းလွှာ ကိုသတိမပြုမိကြောင်း တောင်းပန်လိုက်ပါသည်၊ ထိုအခါ မီးပြင်သမားပြန်ပြောသည်မှာ သြော်ကျွန်တော်အမကြီးဆီကို ဒီတခါပဲပို့ဘူးတာပါ ။ ဒါပေမယ့်ဒုတိယ အကြိမ်လို့ သုံးရတာငွေတောင်းရာမှာပိုပြီးထိေ၇ာက်မှု ရှိတာတွေ့ရလို့ပါ ဟူု၏။


ကလုန်း

ကျောင်းသား : "ဘာလို့ကိုယ်ဘာသာ ကိုယ်ပွား (ကလုန်း) လုပ်ပြီး ကို့ ကိုပွားကို အရံအဖြစ် သိမ်းထားလို့ မရတာ လဲ ပါမောက္ခကြီး "

ပါမောက္ခ : "သတိထားပါ ။ မင်းကိုပွားက မင်းကို အ၇ံအဖြစ် သိမ်းထားသွားမှာစိုးလို့ပါ "


No comments:

Post a Comment