Saturday, July 25, 2009

ကြယ်လေးတပွင့်ရဲ့ အလင်းေ၇ာင်


မွေးကင်းစ ကလေးငယ်လေး တယောက်ကို သူတို့ရဲ့ကိုယ်ပိုင် တောက်ပတဲ့ ကြယ်လေးတပွင့်ဆီ ပေးအပ်ထားပါတယ်။ ဒီကြယ်လေးတွေဟာ သူတို့ရဲ့ အကောင်းဆုံးအရည်အချင်း၊ အကောင်းဆုံးအလားအလာ၊ လျှို့ဝှက် အိမ်မက် တွေကို ကိုယ်စားပြု ပါတယ်။ တခါတလေမှာ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေ၊ ကျရှုံးမှာကြောက်မှု တိမ်တွေဖုံးအုပ်ခဲ့ သည့်ကြားမှာ လင်းလတ်ခဲ့ တာပါပဲ။ ဒီပုံလေးထဲက ကိုယ်လုံးတီး ကလေးလေး က ကျွန်ုပ်တို့ရဲံ အနာဂတ်၊ ကျွန်ုပ်တို့ ရဲ့ ကိုယ်ပိုင်လင်းလက် တဲ့ ကြယ်ကလေးကိုေ၇ာက်ရှိဖို့ ကျွန်ုပ်တို့သည် မွေးကင်းစကလေးငယ်တယောက်ရဲ့ အပြစ်ကင်းစင်မှုမျိုး၊ သစ္စိာ ရှိမှုမျိုး ရှိရမယ်ဆိုတဲ့ အချက် ကို ကိုယ်စားပြုထားတာပါ၊ နိဗ္ဗာန်ဘုံတခုလုံး ၀မ်းသာပြီး ချီုးကျူး ကြမယ့် နေ့ကတော့ မယုံကြည်မှု ၊ စိုးရိမ်ကြောင့်ကြမှု ဆိုတဲ့ တိမ်တိုက်ကို ဖြတ်သန်းပြီး မိမိ ကိုယ်ပိုင် ပိုင်ဆိုင်နိုင်မယ့် ကြယ်လေး ကိုလှမ်းဆွတ်နိုင့်မယ့်နေ့ ပဲဖြစ်ပါတယ်၊ သင့် ကြယ်လေးထွန်းလင်း တောက်ပနိုင်ပါစေ၊

မေမဒီခံစားတင်ပြသည်။

No comments:

Post a Comment