Sunday, July 26, 2009

မထင်မှတ်ပဲ မျက်မြင်သက်သေဖြစ်သွားခြင်း

ကျွန်မ ၈တန်း နှစ်လောက်က အူရောင်ငန်ဖျားရောဂါနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆောင်၁၁ ၊၁၂ မှာ တက်ရပါတယ်၊ အူရောင်ငန်းဖျား ရောဂါရသူတွေဟာ အဖတ်ပါတဲ့ အရာစားလို့မရ ပါဘူး။ အရည်ချည်းပဲသောက် ရတဲ့ကျွန်မ မှာထိုင်တောင် မထိုင်နိုင် လောက်အောင် အင်အားချည့်နဲ့နေပါတယ်။ လူခွဲမရှိတဲ့ကျွန်မ မေမေက ကျွန်မကို အချိန်ပြည့်လာမကြည့်နိုင်ခဲ့ပါဘူး။

ကျွန်မသည်လူနာကုတင်ပေါ်မှ ဟိုဟိုဒီဒီကြည့်မိရာ အခြားသူတယောင်ကိုစိတ်ဝင် စားမိသွားပါ သည်။ သူမကအသက် ၅၀ နှစ်လောက်ပဲ ရှိပါလိမ့်မည်။ ဆေးတွေရဲ့ဘေးဆိုးတွေကြောင့် ခပ်ပိန်ပိန်ဖြစ် နေတဲ့ သူမရဲ့ ခန္ဓာကိုယ်မှာ အသားရောင်က မွဲခြောက်ခြောက်ဖြစ်နေ ပါတယ်။ သူမ၇ဲ့ဆံပင်များက တော့ နဂိုကောက်ပုံရပါတယ်။အခုတောံမွဲခြောက်ခြောက် ဖွာရောင်းရောင်း။ သူမနှင့် ကျွန်မက ခြေချင်းပေးထားတာဖြစ်တဲ့ အတွက် သူမရဲ့လုပ်ရှားမှုတွေကို ကျွန်မအိပ်ပျော်မနေ သေ၇ွတွေ့နေရပါတယ်။

သူမကခပ်အေးအေးပဲနေပါတယ်။ သူမကိုဘယ်သူမှလာ ကြည့်တယ်လို့မတွေ့ပါဘူး။ နောက်မှဆရာမလေးတွေ ဆီကသိရတာက သူမကအပျိုကြီးပါ။ သူမရဲ့တဦးတည်းသော ဆွေမျိုးက သူမရဲ့ ညီမပါ။သူမညီမကလဲ မြစ်ကြီးနားမှာနေတဲ့အတွက် မလာနိုင်ပါဘူး။ သူမဘေးမှာ အထူးသူနာပြုတယောက်ရှိပါတယ်။ သူမကကျွန်မလိုတချိန်လုံးအဖျားတက် ပြီးတအင်းအင်နဲ့မှိန်းနေ၇ တာမျိုးမဟုတ်ဘူး။ ချိနဲ့နေတဲ့ ကျွန်မနဲ့စာရင်သူမ ကအင်အားပိုရှိပါလိမ့်မယ်။ မျက်ခွန်တွေမှေးစင်းပြီး မူးဝေနေတဲ့ ကျွန်မထက်စာရင်လည်း ပိုပြီးလည်း လန်းဆန်းပါတယ်။ အစက သူမဘာရောဂါနဲ့ တက်မှန်းတောင်မသိပါဘူး။ သတိထားမိတာတခုက သူကကျွန်မထက် ပိုလန်းဆန်းပေမယ့် ရေအိမ်ကို လုံးဝ လမ်းလျှောက်မသွားဘူး။ အပေါ့ကော၊အလေးကော အိပ်ရာပေါ်မှာပဲ အလုပ်သမားများ အကူအညီနဲ့ ပလက်စတစ်ကာပြီးသွားပါတယ်။ သူမက ထမင်းကိုလည်းအိပ်ရာ ပေါ်မှာပဲစားပါတယ်။ မသိရင်တော်တော် အပျင်းကြီးတယ်လို့ထင်နိုင်ပါတယ်။ ကျွန်မလည်း အလိုထင်ခဲ့တာပါပဲ။ ဆေးရုံပေါ်တက်ပြီး ဇိမ်ယူနေသလိုပါပဲ။


ဝင်တော့မယ့်နေရဲ့ အလင်းရောင်က ကျွန်မတို့ကှိုနှုတ်ဆက် ထွက်ခွာနေပါပြီ်။ ဧည့်ချိန်ကုန်ဆုံးစ နေ၀င်ရီတရောအချိန် မှာ အထူးပြုသူနာပြုလည်း သူမလုပ်စရာရှိတာလုပ်ပြီး ဂျူတီဆင်းသွားပြီး နောက်တယောက် ရောက်လာပါပြီ။ ဆရာဝန်တွေရော၊ သူနာပြုဆရာမတွေရော နှုတ်ဆက်သူကနှုတ်ဆက် ၊ပြန်သူပြန် ၊လာသူလာနဲ့ ဂျူတီ လဲကြပါတယ်။ ခဏအကြာမှာတော့တိတ်ဆိတ်မှုကပြန်လည် ကြီးစိုးလာပြီး ဆေးရုံးကြီးရဲ့မာကျူရီမီးများလင်းလာပါတယ်။ မှုန်ဖျဖျအရင်းေ၇ာင်အောက်မှာ လူ၂ယောက် အခြေအတင်စကားပြောသံကြားရပြီး သူမအိပ်ရာပေါ်က ထပြီး ကျွန်မရောက်ပြီး ပထမဆုံး အကြိမ် သူမ ကုတင်ပေါ်ကဆင်းပြီး ရေအိမ်သွားတာ တွေ့ရပါတယ်။ သူမမျက်နှာမှာကအပြုံးပန်းတွေဝေလို့။ ကြားရတာက သူမ မနက်ဖြန်ဆေး ၇ုံဆင်းမည်တဲ့။


သူမ ရေအိမ်ကပြန်လာတော့ ဆေးရုံကြီးရဲ့ မှုန်ပြပြမီးရောင်အောက်မှာ သူမမျက်နှာက အရင် လို လိုမသာယာတော့ပါဘူး။ အထူးသူနာပြုက မနည်းတွဲခေါ် လာခဲ့ရတာတွေ့ရပါတယ်။ သူမမျက်နှာက လည်းရှံ့မဲ့ပြီး အသက်ကိုပြင်းပြင်းထန်ထန်ရှု ရှိုက်နေရပုံပေါ်ပါထယ်။ အိပ်ရာပေါ်ေ၇ာက်တော့ အရုပ်ကြိုး ပြတ်ပါပဲ။ အထူးသူနာပြုတောင် ယိုင်ကျသွားမတတ်ပဲ သူမကို မနည်းထိန်းထားရတယ်။ သူမကို အသက်ရှူရအဆင်ပြေအောင် အိပ်ရာရဲ့တ၀က်ကို ထောင်ထားပါတယ် သူမကိုခဏ ထားပြီးသူနာပြုက တာဝန်ကျဆရာဝန် ကိုသွားခေါ်ပါတယ်။ တာဝန်ကျဆရာဝန်များ ၊ သူနာပြုဆရာမများ သူမနားမှာ နာရီဝက်လောက်ရှပ်ရှက် ခက်သွားပြီးခဏမှာတော့ သူမငြိမ်ကျ သွားပါပြီ။ နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါပြီ။ ဆရာမလေး ပြောတာက အိမ်သာကို လမ်းလျှောက်မသွားရန်တားမြစ်သော်လည်း ကောင်းပြီဆိုပြီး ဇွတ်သွားခြင်းဖြစ်သည်။ ။တိတ်ဆိတ်မှုကပြန်လည်နေရာ ယူပြီး မာကျူရီမီးတချိုံ ကိုမှိတ်လိုက်ပါတယ်။


ည ၁၀ နာရီလောက်မှာ ကျွန်မခြေရင်းက ကြားနေကျတွန်းလှည်း တွန်းသံနှင့် ဘာကိုမှထူးခြားချက် မရှိတဲ့မျက်နှာနဲ့ တွန်းလာတဲံ့ ကုလားနှစ်ယောက်နဲ့ အ၀တ်ဖြူ အုပ်ထားတဲ့ တွန်းလှဲ တစီးဖြတ်သွားပါတယ်။ ကျွန်မလဲ စောင်စကို ခေါင်းမီးခြုံပြီး အိပ်လိုက်ပါတယ်။


ည ၁၂ နာရီလောက်မှာ တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး လှုပ်ရှားသံတွေနဲ့အတူကျွန်မ နိုးလာပါတယ်။ သူမအမော ဖောက်နေပါပြီ။ သူမကိုအသက်ရှု ရအဆင်ပြေအောင် သူမငှားထားတဲ့ ညစောင့်သူနာပြု ဆရာမလေးက အိပ်ရာကို တ၀က် ထောင်ပေးလိုက်ပါတယ်။ ပြီးတော့သူမမှောက်လို့ အဆင်ပြေအောင် ခုံလေးထားခဲ့ပါတယ်။ လူနာတွေတော်တော်များများ ကတော့ဆေးအရှိန်နဲ့ အိပ်ပျော်နေကြပါတယ်။ မှုန်ဖြဖြမီးရောင် အောက်မှာ သူမကြိုးစားပြီး အသက်ရှနေတာက ကိုမျက်နှာချင်းဆိုင်ဖြစ်တဲ့ ကျွန်မကသေသေချာချာ မြင်နေရပါတယ်။ သူနာပြုဆရာမလေးက တာဝန်ကျ ဆရာဝန်ကိုနှိုးဖို့ ခက်မြန်မြန် ထွက်ခွာသွားပါတယ်။


သူမရဲ့ဆံခပ်ပွပွ ဆံပင်တွေက သူမရဲ့မွဲခြောက်ခြောက် မျက်နှာပေါ်မှာဖရိုဖရဲ ၀ဲကျလို့၊ အသက်ကို ကြိုးစားပြီးရှူ နေရတဲ့သူမရဲ့မျက်နှာက ရှုံမဲ့ပြီး သူမမျက်လုံးတွေက မျက်ရည်ထွက်လို့ သူမမှောက်နေ၇င်း တချက်လန်ကျသွားပါတယ်။ ပြီးတော့ဆံပင်တွေက မျက်နှာတ၀က်ကို ဖုံးနေပြီး သူမခုံကလေး ကိုကိုင်ပြီးကြိုးစား ပြီးထလာပါတယ်။ ခုံကလေးပေါ်ကိုလက်နှစ်ဖက်က တင်ပြီး သူမ ခန္ဓာကိုယ် အပေါ်ပိုင်းကိုကြိုးစားပြီး ဆွဲတင်နေပါတယ်။သူမမျက်နှာကဖျော့တော့ နေပါပြီ။ သူမမျက်နှာကို ခုံကလေးပေါ် ကိုဆွဲမတင်နိုင်လေးခင်မှာပဲ သူမနောက်ကိုလန်ကျသွားပြီး သူမမျက်လုံးများက မှိတ်ကျသွားသွားပါတယ်။ ခုနကဖားဖိုကြီးလို နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ သူမရဲ့ ရင်အစုံကလှုပ်ရှားမှုမ ၇ှိတော့ပါဘူး။ ဂူးဂူးဂဲဂဲနှင့် ကြိုးစားပြီးအသက်ရှုသံ တွေကရပ်တန်းသွား ပါပြီ။ သူမအသက်ရှူသံရပ်တန့်သွားပြီ။ သူမနှလုံးခုန်သံရပ် တန့်သွားပြီ။သေမင်းသည် သူမကိုကျွန်မမျက်စိရှေ့တွင် ခေါ်ဆောင်သွားခဲ့ပြီ။ အချိန်ဆိုသည်မှာ မြန်ဆန်လွန်း လှမှန်းကျွန်မ မသိခဲ့း။ ဆရာဝန်နှင့်သူနာပြုဆရာမ များအောက်ဆီဂျင်ဘူး နှင့်ရောက်ရှိလာပါပြီ။ သူမရဲ့သူနာပြုထွက်သွားသောအချိန် နှင့် ဆရာဝန်များရောက်လာသော အချိန်သည် ၅ မိနစ်သာရှိ မည်မထင်ပါ။ ဆရာဝန်များ၊ သူနာပြုဆရာမများသည် သူတို့သတ်မှတ်ထားသောကုရိုးကုစဉ်များအတိုင်းသူမကို ကြိုးစား ပြီးအသက်သွင်း နေကြပါသည်။


မထင်မှတ်သောညတညမှာ ကျွန်မသည် သေမင်း ခေါ်ဆောင်သွားသော သူမအတွက်သက်သေ ဖြစ်သွားပါသည်။ သေမင်းသည် ကျွန်မတို့ဘ၀ထဲသို့ မဖိတ်ခေါ်ပဲ အချိန်မရွေး ရောက်လာနိုင်သည်ဆိုတာ ကိုကျွန်မ မျက်မြင်သက်သေ တွေ့ရှိခဲ့ပါသည်။


ကျွန်မနာရီကိုမတော်တဆကြည့်မိလိုက်သည်၁၂ နာရီ ၁၅ မိနစ်။


ကျွန်မစောင်ကိုခြုံပြီး မျက်စိမှိတ်လိုက်သည်.။ မကြာခင်တွင် ကြားဖူးသောတွန်းလှဲသံနှင့် ခြေလှမ်းသံ များ……ခဏရပ်တန့်သွားပြီးပြန်လည်ထွက် ခွာသွားသည်။ ညသည်သူနှင့်မဆိုင် သကဲ့သို့ ပြန်လည်တိတ်ဆိတ်သွားသည်။

မေမဒီ၏ ကိုယ်တွေ့


1 comment:

  1. ရွှေရောင်ကောင်းကင်July 26, 2009 at 3:15 AM

    ကောင်းပါတယ် ... လူဆိုတာ အချိန်မရွေး သေမင်းရဲ့စေခေါ်ရာ မှာရှိနေတာပါ ။ မသေခင်တော့ ကိုယ့် နောက်ဘ၀အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ် ။ ဒါန ၊သီလ ၊ဘာဝနာ ပေါ့ ။

    ReplyDelete