Thursday, July 30, 2009

Ocean Goddess /သမုဒ္ဒရာနတ်ဘုရားမ

ကျွန်မ၏ ဘလော့နာမည်ကို Ocean Goddess ဟုပေးထားပါသည်။ လူတိုင်းက ဘာကြောင့်ပေးသနည်းဟုမေး ကြပါသည်။ ကျွန်မမှာဖြေဖို့တာဝန်ရှိပါသည် ဟုခံစားရပါသည်။ အောက်တွင်ကျွန်မ၏အဖြေလေးကို ဆက်လက်ရှုစားပေးပါရန်မေတ္တာ၇ပ်ခံပါသည်။

အထက်ဖော်ပြပါပုံကို သမုဒ္ဒရာနတ်ဘုရားမ (ခ) Ocean Goddess ဟုသတ်မှတ်ကြသည်။ သူမကိုကိုးကွယ်သောနေရာတွင် ရုပ်ထုပင် ထုလုပ်ထားကြသည်။ စွယ်စုံကျမ်းတွင် သူမကိုသမုဒ္ဒရာ နတ်ဘုရားမ ဟုခေါ်ကြသည်။ သူမ၏အမည်ကို Yemanjá ဟုခေါ်သည်။ သူမသည် Orixás (လောကကို ဖန်ဆင်းသော အရာ ဥပမာေ၇၊လေ) ၇ ခုအနက်မှ တစ်ခု ဖြစ်သည် ဟုယူဆကြသည်။ သူမကို အာဖရိကမှ Umbanda ဘာသာကိုးကွယ်သူများက ကိုးကွယ်ကြသည်။ ဘရားဇီးနိုင်ငံ တွင်လည်း သူမကို ကိုးကွယ် ကြသည်။ ငါးဖမ်းသမားများ၊သင်္ဘောပျက်မှအသက်ရှင်သူများ က ဖန်ဆင်းရှင်နတ်ဘုရားမ သို့မဟုတ် လ၏ဝိညာဉ် အဖြစ် မှတ်ယူ ကိုးကွယ်ကြသည်။

ကျွန်မသည်ဤဘလော့ကို မိမိစိတ်ကူးဖြင့် ပေးထားခြင်းဖြစ်ပါသည်။ သူမကိုအစွဲပြုပြီးပေးရအောင် ကျွန်မသည်
သင်္ဘောသားလည်းမဟုတ်၊ ရေနစ်နေသူလည်းမဟုတ် ၊ သင်္ဘောပျက်သည့်ထဲ ပါသွားသူလည်းမဟုတ်သေးပါ။
ကျွန်မ၏စိတ်ကူးတွင် သမုဒ္ဒရာသည်လျှို့ဝှက်မှုများဖြင့် နက်ရှိုင်းလှသည်။ လူတို့သည်သမုဒ္ဒရာ ကိုလေ့လာနေသည်မှာ နှစ်ပေါင်းများစွာကြာသော်လည်း ရိုးသွားခြင်းမရှိပဲ ဆန်းသစ်မှုများသာ ရှာဖွေတွေရှိ သကဲ့သို့ ကျွန်မ၏လဘော့လေးကိုလည်း ထို့နိယာမလေး ကဲ့သို့ဖြစ်အောင် ကျွန်မကြိုးစားချင်သည့်ရည်ရွယ်ချက် လေးနှင့်ပေးခဲ့ခြင်းဖြစ်သည်။ကျွန်မကြိုးစားပါမည်။

ကျွန်မရေးချင်တာကြာခဲ့သော်လည်း ဘလော့တွင်မြန်မာဖောင့် မထည့်တတ်၍လနှင့်ချီပြီးကြာခဲ့သည်။ ဘလော့ ဖြစ်အောင် အကူအညီအများဆုံပေးခဲ့သော် ကျွန်မမောင်လေးသကဲ့သို့ အားကိုးရချစ်ခင်ရသော ရွှေရောင်ကောင်းကင်အား အထူးကျေးဇူးတင်ရှိပါသည်။

ဘလော့ဖြစ်ပြန်တော့လည်း မြန်မာလိုမရိုက်တတ်သဖြင့်ကျန့်ကြာခဲ့ရပြန်သည်။ မြန်မာလို ရိုက်တတ်အောင် သင်ပေးသော ချစ်သူငယ်ချင်း ညိုမီ ကိုလည်းအထူးကျေးဇူးတင်ရှိပါသည်။

ဘလော့စရေးအောင် အထူးအားပေးခဲ့သော ဦးကြီးကိုလည်းကျေးဇူးတင်ပါသည်။

အစဖြစ်သဖြင့်အခက်အခဲရှိပါသည်။ ဝိုင်းဝင်းအားပေးသော သူငယ်ချင်းများနှင့် မောင်လေးအောင့် ကိုလည်းကျေးဇူးတင်ပါသည်။

ကျွန်မရေးသောပို့စ်တိုင်းကို သင်အားလျှင်ဖတ်ကြည့် ပါရန်ဖိတ်ခေါ်ပါသည်။ သင်ဖတ်ကြည့်ပြီးလျှင် ဝေဖန်သုံးသပ် ပေးပါရန်တောင်းဆို ပါသည်။


ကျွန်မသိသမျှလေးတွေကို ပို့စ်အသစ် ကလေးများဖြင့် မျှဝေခံစားနိုင်အောင်ကြိုးစားသွားပါမည်။



မေမဒီ




1 comment:

  1. keep it up, dear..
    I'll be the one of your fun..:)
    Well done...

    ReplyDelete