Friday, November 27, 2009

စိတ်ကူးယဉ်အိပ်မက်ကိုအကောင်အထည်ဖော်ခြင်း

မဒီ၁၃ ရက်နိုဝင်ဘာမှာ ရန်ကုန်ပြန်သွားခဲ့တယ်။ ၁၄ ၊ ၁၅၊၁၆ ဟိုသွားဒီသွား။ ၁၇ ရက်နေ့မှာတော့ လွန်ခဲ့တဲ့ ၃ နှစ်ကမက်ခဲ့တဲ့အိပ်မက် ကိုအကောင်အထည်ဖော်ဖို့လုပ်ငန်းစတယ်။ ဘာလို့လဲဆိုတော့မထင်မှတ်ပဲ big project ဖြစ်သွားတယ်။

လွန်ခဲ့တဲ့(၃)နှစ်ကဒီကျောင်းလေးကိုရောက်တယ်၊၊ မဒီငွေပဒေသဘင်စိုက်ထူခဲ့သေးတယ်။ သူငယ်ချင်းရဲ့မွေးနေ့လေးမှာ ကြယ်ပွင့်လေးတွေကိုထမင်းကျွေးဖို့ ဝင်ကူခဲ့တယ်။ မဒီအင်္ကျီလှူဖို့ အဲဒီကတည်းကစိတ်ကူးခဲ့တာ။ ဒါပေမယ့်အလုပ်ကထွက်လိုက်တော့ ဒီစိတ်ကူးက နှောင့်နှေးသွားခဲ့တယ်။ အဲဒီကျောင်းရဲ့လိပ်စာကိုမဒီမေ့နေလိုက်တာ။

နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်းကနေစာအုပ် တည်းဖြတ်ဖို့ ဘဘဦးဖေသိန်း(ကာတွန်းဆရာကြီးဦးဖေသိန်းကွယ်လွန်) တို့အိမ်ကိုရောက်နေတဲ့အဒေါ် အကြီးဆုံးကို သွားကတော့ရင်း အိမ်ကထွက်ခဲ့တော့ မနက်၁၀နာရီခွဲ။ အပြန်မှာသူငယ်ချင်းနဲ့ ချိန်းထားတော့နေလည်တနာရီ ခွဲ။ ပူပြင်းလှတဲ့ ရန်ကုန်မြို`့ရဲ`့မွန်းတည့်နေရောင်ခြည်အောက်မှာ မေမေနွယ်ရယ်(ဘဘဦးဖေသိန်းဇနီး) မေမေနွယ့်သားရယ်၊ မဒီ ရယ် ၊မဒီသူငယ်ချင်းရယ် ဝင်ဒါမီယာထဲမှာရော ကမ္ဘောဇရိပ်သာမှာကော တဝဲလည်လည် ဖြစ်နေတယ်။ ကမ္ဘောဇရိပ်သာရောက်တော့ မေမေနွယ်တို့ကိုပြန်လွှတ်လိုက်တယ်။ လူကြီးတွေနေပူနေတာ အားနာစရာကောင်းလို့။ သူငယ်ချင်းဆွေသီနဲ့ ရွာလည်နေတယ် ဝင်ဒါမီယာထဲက မိဘမဲ့ဂေဟာကိုပြန်သွားတာနဲ့နေပူထဲလမ်းလျှောက်ကြတယ်။ မိဘမဲ့ဂေဟာတွေကတော့တူတူပါပဲ။ ခက်တာကမဒီကလဲခေါင်းမာတယ်။ မဒီကလည်းဖြစ်ချင်ရင်ဖြစ်ရမှ နို့မို့ခေတ်စကားအခေါ်ဆို အစာမကျေဘူး။ ကိုယ်ရည်ရွယ်ထားတဲ့ဂေဟာမဟုတ်တော့ သိပ်စိတ်မပါဘူး။ ဖြစ်အောင်လုပ်၊ ရ အောင်ရှာမယ်လို့သူငယ်ချင်းဆွေသီက အားပေးတယ်။ ညနေ၃ နာရီခွဲ တာ့ နေ လည်းအရမ်းပူတာနဲ့ ဒီနေ့တော့ လက်လျှော့လိုက်ပြီလို့ ၊မဒီတို့နားကြရအောင်လို့ဆွေသီကိုပြောတော့ သူငယ်ချင်းမြတ်သက်ဝင်းက တွေ့ချင်တယ်တဲ့ ညနေ ၅ နာရီ တနေရာရာမှာစောင့်ရအောင်တဲ့။ ပူလိုက်တဲ့နေကလဲချစ်ချစ်တောက်။ ဘယ်နားစောင့်ရမ လဲစဉ်းစာရင်း နောက်ထပ်စိတ်ကူးယဉ်အိမ်မက်တခုကို အကောင်အထည်ဖော်ဖို့ဆုံးဖြတ်လိုက်တယ်။

လွန်ခဲ့တဲ့၁၃ နှစ်လောက်က သီလရှင်ဝတ်ခဲ့တဲ့ ဗားဂရာသီလရှင်ကျောင်းကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ ဒီသီလရှင်ကျောင်းကို အဲဒီသီလရှင်ဝတ်ကတည်းက အလုပ်ရရင်လှူမယ်ဆိုပြီး ရန်ကုန်ပြန်တိုင်းမေ့မေ့နေလို့မလှူ ဖြစ်ခဲ့ဘူး။ သီလရှင်တွေကလဲမှတ်မိနေသေးတယ်ဆိုတော့ မဒီလည်းဝမ်းသာတယ်။ အိပ်မက်တခုလည်းအကောင်အထည်ဖော်ခွင့်ရလို့ ဝမ်းသာတယ်။

သီလရှင်ကျောင်းကိုဝတ္ထုကပ်လိုက်တယ်။ ပြီးတော့ဒဂုံစင်တာက J Donut မှာစောင့်စားတယ်ပေါ့။ သူငယ်ချင်းရုံးအဆင်းကိုစောင့်ရင်းမုန့်စားနေတာ မဒီတို့ပိန်တော့မယ်။ ပြီးတော့ Eugenia မှာသွားစား ပြီးရွှေတဂုံကိုဖူးတယ်။ အပြန်မှာမြတ်သက်ဝင်းကချော်တွင်းကုန်းမိဘမဲ့ဂေဟာဖြစ်မယ်တဲ့ နင်လိုက်ရှာနေတာ။

နိုဝင်ဘာ ၁၈ ရက်မှာအသံမထွက်တော့ဘူး။ ရန်ကုန်မပြန်ခင်ကပင်ပန်းတဲ့ဒဏ်တွေ၊ ရေကိုနေ့ညမရှောင်ချိုးချင်တဲ့အချိန်ချိုးတာနဲ့ ၊ နေ့ခင်းကြသူငယ်ချင်းတွေနဲ့လေပန်း၊ ညကြအမေနဲ့လေပန်း မအိပ်မနားကြိုးစားပြီးလေပန်းတဲ့ဒဏ်တွေ၊ နဲ့နေပူမိသွားတာပေါင်းပြီးချောင်းဆိုးတယ်။ အသံဝင်တယ်။ သူငယ်ချင်းတယောက်ကတော့အားပေးစကားပြောတယ် ပါးစပ်ပိတ်ထားရင်အသံပြန်ထွက်လာလိမ့်မယ်တဲ့။

နိုဝင်ဘာ ၁၈ ရက်နေ့ကိုမင်္ဂလာဈေးကိုသွားမယ့် အစ်မကိုအကျီင်္ဆိုက်နှင့်အရေအတွက်ပြောရမှာကို မိဘမဲ့ကျောင်းရှာမတွေ့လို့မပြောရဘူး။ အိပ်မက်တော့အကောင်အထည်မဖော်တော့ဘူး လို့ထင်နေတယ်။ သူငယ်ချင်းတယောက် နဲ့အွန်လိုင်းမှာ တွေ့ပြီး လိပ်စာသေချာမေးတယ်။ အသံဝင်တာသက်သာတယ်။၁၉ရက်နားတယ်။ ဒါပေမယ့် ညနေပိုင်းလေးမှာ ချော်တွင်းကုန်းကိုသွားတယ်။ အမေကတော့ငွေယူသွား အဆင်ပြေရင်တခါထည်းလှုခဲ့ရအောင်လို့။ ရောက်သွားတော့ ကြယ်ပွင့်လေးတွေရဲ့စာကျက်သံ၊ စာအံသံ နှင့် ကလေးကဗျာဆိုပြီး ဆော့နေကြတဲ့အသံ တွေက နားထဲကိုချိုသွားတာပဲ။ မြင်ရတဲ့ ပတ်ဝင်းကျင်က အသေအချာပဲမေမဒီလိုက်ရှာနေတဲ့ကျောင်းပေါ့။ မဒီလည်းနှလုံးပီတိ ဂွမ်းဆီထိသလိုဝမ်းသာသွားတယ်။ ကလေးတွေက ရေခပ်တဲ့သူကခပ်နေတယ်။ မေမဒီမပြန်သေးသမျှတော့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားလိုက်ဦးမယ်။ ငွေကိုမလှူခဲ့ပဲ အဝတ်ဝယ်ဖို့စုံစမ်းရပါတယ် ။ အချိန်က ၃ ရက်ကျန်ပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆရာမကြီးဒေါ်နီနီရွှေနဲ့တွေ့ပြီးအကျိုးအကြောင်းပြောပြတယ်။

မဒီကလည်းဒီကျောင်းမှဒီကျောင်းကိုရည်ရွယ်ခဲ့တာ။ ဒီကျောင်းလေးက လူမှုဝန်ထမ်းကဦးစီးတဲ့ မိန်းကလေးသင်တန်းကျောင်းပါ။ မိန်းမသားတယောက်ဖြစ်တဲ့ မဒီက သူတို့လေးတွေရဲ့ဘဝ ကိုလှပစေချင်ခဲ့တာအမှန်ပါ။ တတိယကမ္ဘာလို့ သတ်မှတ်ခံရတဲ့မဒီတို့နိုင်ငံမှာ မိန်းကလေးတွေလျှောက်တဲ့လမ်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မဒီသိတယ်လေ။ မဒီမတတ်နိုင်ပေမယ့် တတ်နိုင်တာလေးနဲ့အားပေးချင်ခဲ့တာ မဒီရဲ့စေတနာ အိပ်မက်ကလေးပေါ့။ လူဘနှယောက်လဲစာရင်းယူပါတယ်။ ဆရာမကြီးက ကလေးတွေ ဘောင်းဘီလိုအပ်တဲ့အကြောင်း ဘောင်းဘီလှူစေချင်တဲ့အကြောင်း ပြောပြီးနမူနာပေးလိုက်တယ် ။ ဒီကျောင်းလေးမှာကမိန်းကလေးတွေက ၇ နှစ်ကနေ ၁၈ နှစ်ထိ။ ၁၈ နှစ်ကျော်ရင် ဝင်ဒါမီယာထဲကကျောင်းကိုပို့ပေးတဲ့အကြောင်း၊ စာတော်သူတွေကိုစာတော်တဲ့အလျောက်ချီးမြှောက်တဲ့အကြောင်း ၊၁၀ တန်းအောင်သူများကို တော့ အလုပ်လုပ်ရင်းအဝေးသင်တက်စေတဲ့ အကြောင်း၊ ဆရာဝန်အစရှိတဲ့အသက်မွေးဝမ်းကျောင်း ဝင်သူတွေကိုတော့ အချိန်ပြည့်ကျောင်းတက်စေတဲ့အကြောင်း၊ သူတို့လေးတွေဘဝ ကိုယ်ပိုင် ရပ်တည်နိုင်အောင်ထိစောင့်ရှောက်တဲ့အကြောင်း၊ တချို့ကဂေဟာမှာပဲ အလုပ်ပြန်လုပ်တဲ့ အကြောင်းပြောပြပါတယ်။ သိချင်တာတွေဖြေကြားပေးတဲ့ ကျောင်းအုပ်ဆရာမကြီးကို မဒီကျေးဇူးတင်ပါတယ်။ သိချင်တာတွေကတော့ ဒီ့ထက်ပိုတာပေါ့။ ဆရာမကြီးကိုအားနာတာနဲ့လာရင်းကိစ္စကိုပဲ အဓိကထားပြီးမေးလိုက်တယ်။ စုစုပေါင်းလူဦး ရေကတော့ ၂၈၀ ဘောင်းဘီက၅၀ လောက်လိုတယ်။ အပြန်ကျကြယ်ပွင့်လေးတွေတန်းစီနေပြီ ဇွန်းလေးတွေကိုင်လို့ ညနေစာ ထမင်းစားတော့မယ်ထင်ပါတယ်။
အပြန်ကျအငှားကားယာဉ်ပေါ်မှာလေအေးခဏမိတာကိုအသံကပြန်ဝင်သွားတယ်။

၂၀ရက်မှာမှာတော့ မင်္ဂလာဈေးကိုအပြေးအလွှားသွားပါတယ်။ အရမ်းအလုပ်ရှပ်နေတဲ့မေမေ ကိုယ်တိုင်လိုက်လာပေးလို့မေ့မေ့ ကိုလည်းအရမ်းကျေးဇူးတင်တယ်။ ဈေးဝယ်ရင်းငွေပြတ်သွားလို့ ငွေဆက်ရှင်းသွားတဲ့မေမေ့ကိုထပ်လောင်း ကျေးဇူးတင်ပါတယ်။ ရှပ်အကျီင်္ဗြောင်လေးတွေက လဲ ထင်ထားတာထက်ဈေးကြီးနေတယ်။ ဘောင်းဘီကိုလည်း မေမေက လှူမယ့်လှူတော့သူတို့ နေလို့ထိုင်လို့သက်သာပြီးကြာရှည်ခံမယ်ဘောင်းဘီလေးတွေကိုလှူပါတဲ့ ။ တထည်ကို၈၅၀ကျပ်၂၁ ထည်ပဲရှိတယ်။ တော်တော်ရှာတော့မှ နောက်ဆိုင်ကတော့ ၇၀၀ နှင့် ၃၄ ထည်။ နောက်တော့တီရှပ်လိုက်ရှာကြတယ်။ မတွေ့ဘူး။ ခက်ပါဘီ။ လက်လျော့ရတော့မယ်ထင်ပါတယ်။ မဒီလည်းစိတ်လျော့ချင်လာတယ်။ မေမေ့ကိုလည်းအားနာလာတယ်။ မေးကြည့်ဦးမှ။ အောက်ထက်ကလှေခါးနားက ဦးဝက်ကလေးဆိုင်ကိုရှာပါတယ်တဲ့။ တွေ့ပါပြီ။ မေးမြန်းကြည့်တော့ အဖြူရောင်ကဈေးအသက်သာဆုံး ။အသားကောင်းတယ်" Living Colour "တံဆိပ်။ မဒီမှန်းထားတာလဲ အဖြူပဲ။ ကျောင်းပါဝတ်လို့ရအောင်လို့။ ဒါပေမယ့် ဆရာမကြီးကအရောင်ရင့်ရင့်လိုချင်တယ်။ ညစ်ပေကုန်တာမြန်လို့ပါ်။မတတ်နိုင်ဘူး။ ခန့်မှန်းထားတဲ့ ငွေပမာဏထက်ကိုကျော်နေပြီလေ။ အဖြူကိုပဲရွေးချယ်လိုက်တယ်။ အကြီးက၁၂၀၀ကျပ် ၁၀ တည်၊ အလတ်က ၁၁၀၀ ကျပ် အထည်၁၁၀၊ အသေးက ၁၀၀၀ကျပ် အထည် ၁၁၀ စုစုပေါင်း ၂၃၀ ပေါ့။

နိုဝင်ဘာ၂၁ရက်နေ့မှာတွေ အိပ်မက်ကိုအကောင်အထည်ဖော်တဲ့နေပေါ့။ သူငယ်ချင်းတွေကိုခေါ်ချင်ပေမယ့် သူတို့အားမယ့်အချိန်နဲ့ ကိုအားမယ့်အချိန်ညှိရမှာရယ် ၊ ပြန်ရမဲ့ရက်ကလည်းအရမ်းကပ်နေရယ် အိမ်ကလူတွေကလည်းမအားကြတာရယ် နှင့် ဘယ်သူမှမခေါ်ဖြစ်တော့ဘူး ချက်ချင်းလက်ငင်းအကောင်အထည်ဖော်လိုက်ရတယ်။ ဖြစ်စေချင်တာကတော့ တီရှပ်လေးတွေပေါ်မှာ သူတို့ကျောင်းတံဆိပ်ကလေးကို ရိုက်ပေးချင်ပါသေးတယ်။ အချိန်ကမရှိတော့ဘူး။ ဒီတိုင်းပဲလှူလာခဲ့တယ်။ အဖွားကလှူချင်တယ်ဆိုလို့မုန့်ပုံး ၆ပုံး။

၂၁ရက်မနက်၉နာရီကျော်ကျော်မှာ ကြယ်ပွင့်လေးတွေရဲ့ဂေဟာကိုရောက်နေပါပြီ။ သူတို့ကျောင်းကိုဝင်ဝင်ခြင်း သူတို့တွေရဲ့ဘုရားရှိခိုးသံက မင်္ဂလာအပေါင်းနှင့်ပြည့်စုံသွားပါတယ်။ ဆရာမကြီးကိုစောင့်နေစဉ်မှာပဲ unicef ကမ္ဘာ့ကလေးများအဖွဲ့က လုပ်အားပေးမြန်မာ လူငယ်တွေ ကား၂ စီးနဲ့ရောက်လာပါတယ်။ ဆရာမကြီးက ရှင်းပြပါတယ်။ ကြယ်ပွင့်လေး တွေရဲ့စိတ်ဓာတ်ဖွံ့ဖြိုးရေးအတွက် လာရောက်လုပ်အားပေးကြတယ်လို့ ပြောပါတယ်။ သူတို့တွေအတွက်ဂုဏ်ယူပါတယ်။

လူစရာတွေကိုဆရာမကြီးကိုပေးအပ်ပြီး ကြယ်ပွင့်တချို့နဲ့အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပြီးပြန်လာခဲ့ပါတယ်။

အသံမထွက်တော့ပေမယ့် အမြဲတမ်းဖြစ်ချင်တာဖြစ်ရမှ ကျေနပ်တဲ့ မေမဒီတယောက် ပီတိကိုပိုက်ပြီး ပြန်လာခဲ့ပါတယ်။ မဒီလှူတဲ့အလှူက သမုဒ္ဒရာထဲကျသွားတဲ့ရေစက်တစက်စာပါ။ ဒါပေမယ့်ရေစက်လေးတစက်ချင်းစီးပေါင်းပြီး သမုဒ္ဒရာဖြစ်လာတာပဲမဟုတ်လား။

လာရောက်ဖတ်ရှုကြတဲ့ သူငယ်ချင်းတွေစိတ်ကူးပေါက်လို့လှူချင်တယ်ဆိုရင်တော့
အမျိုးသမီးကလေးများသင်တန်းကျောင်း အမှတ် ၄၉ မလိခလမ်း ရန်ကုန်မြို့ (ချော်တွင်းကုန်း)
ဆက်သွယ်ရန်ဖုန်း ၆၆၀၃၀၂


စိတ်ကူးယဉ်အိပ်မက်ကိုတခါတလေမှာရအောင်အကောင်အထည်ဖော်တတ်တဲ့
မေမဒီ

2 comments:

  1. Sis, you have to read again what you wrote after some time. So that you see you errors.

    ReplyDelete
  2. မဒီရေ..သူငယ်ချင်းရဲ့အိမ်မက် အကောင်အထည်ဖော်နိုင်ခဲ့တာ သိရလို့ အရမ်းပဲ ၀မ်းမြောက်ရပါတယ်။ ရုံးကဖတ်ရင် fontတွေမညီလို့ အိမ်ရောက်မှဖတ်ပြီး commentပေးရတော့တယ်။ သူငယ်ချင်းရဲ့ အလှူအတွက် ၀မ်းမြောက်စွာ သာဓုခေါ်လိုက်တယ်။ သာဓု...သာဓု...သာဓု...။ :)

    ReplyDelete