Friday, November 27, 2009

ကြယ်လေးတွေရဲ့ မျက်ရည်



မဒီရဲ့တူလေးတွေ တူမလေးတွေ ကငယ်ငယ်ကပေါ့ …. သူတို့လေးတွေတရေးနိုးရင်ဖြစ်ဖြစ်၊ အိပ်ရာကနိုးရင်ဖြစ်ဖြစ် မိခင်ရဲ့အသံကိုကြားချင်ကြတယ်။ မိခင်ရဲ့အထိအတွေ့ကို လိုချင်ကြတယ်။ မိခင်အသံမကြားရရင်၊ မိခင်ရဲ့အထိအတွေ့ကိုမခံစားရရင် ကြောက်လန့်တကြားငိုကြရှာတယ်။ အခုမိခင်ဖြစ်နေကြတဲ့မဒီရဲ့ သူငယ်ချင်းတွေ အသိဆုံးနေမှာပါ။

အခြားသောသတ္တဝါများနှင့်မတူတဲ့ မဒီတို့လူသား နို့စို့အရွယ်ကလေးငယ်လေးများက မိခင်၏ ပူနွေးသောရင်ငွေ့ ဖြင့်ရှင်သန်ကြတယ်။ ဒါ့အပြင် မိခင်တို့၏သားချော့တေးသံတွေက ကလေးငယ်တွေအတွက်တော့ သူတို့ မိခင်တွေရဲ့ ရင်ခုန်သံတွေ ပင်ဖြစ်ပါတယ်။ လူသားကလေးငယ်လေးများသည် အခြေခံလူသားတို့၏ လိုအပ်ချက်များဖြင့် ပြည့်စုံသည့်တိုင်အောင် သူတို့သည် အကူအညီမဲ့ဖြစ်ကြရပါတယ် ။ဘာကြောင့်လဲဆိုတော့ ကလေးငယ်တွေဟာ မိမိခြေထောက်ပေါ်ကို မိမိကိုယ်တိုင်ရပ်တည် နိုင်အောင်လပေါင်းများစွာ အချိန်ယူရပါတယ်။ ဒါကြောင်မို့လို့ မိခင်တယောက်ရဲ့ ချစ်ခင်ကြင်နာတဲ့အထိအတွေ့ ၊ မိဘတွေရှိနေမှုဟာ ကလေးငယ်အတွက် ကမ္ဘာပေါ်မှာရှိတဲအရာရာအားလုံးထက် ပြည့်စုံသွားစေပါတယ်။ အကယ်၍သာ ဒီကလေးငယ်ငယ်လေးဟာ ဒီရှုပ်ထွေးပွေလီတဲ့ ကမ္ဘာကြီးထဲမှာ မိခင်မရှိပဲ အထီးကျန် ချန်ထားခဲ့မယ်ဆိုရင် သူတို့ ဆာလောင်မွတ်သိပ်တဲ့အချိန်မှာ နို့တိုက်မဲ့အမေမရှိ၊ သူတို့လဲကျသွားခဲ့ရင် ထူပေးမဲ့အမေမရှိ ၊ သူတို့ပါးပြင်လေးတွေပေါ်မှာ မျက်ရည်တွေလိမ့်စီးလာတဲ့အချိန်မှာ နူးညံ့ညင်သာတဲ့အနမ်းလေးတွေ နဲ့နှစ်သိမ့်မဲ့အမေမရှိ၊ အိပ်ခါနီးအချိန်မှာ သားချော့တေးဆိုပေးမဲ့အမေမရှိ ဖြစ်နေရှာမှာပါ။ ဒီလိုဘယ်သူမှမလိုချင်တဲ့ အထီးကျန်တဲ့ဘယ်သူမှမပိုင်ဆိုင်တဲ့ ကလေးလေးတွေဟာ မိဘမဲ့ဂေပာာမှာ တွေ့မြင်ရတဲ့ကလေးလေးတွေပါ။

မိဘမဲ့ကလေးဂေဟာမှာတော့ တိတ်ဆိတ်မှုဟာ သားချော့တေး ဖြစ်ပြီး၊ ပြင်းပြတဲ့စိတ်ဝေဒနာများသာလျှင် အဖော်ဖြစ်ပါတယ်။ ဒီနေရာမှာ အဖေနဲ့အမေဆိုတာ စိတ်ကူးယဉ် သက်ရှိ များဖြစ်ပြီး၊ မိဘရဲ့ချစ်မေတ္တာဆိုတာကတော့ မနီးစပ်နိုင်တဲ့အိပ်မက်တခုပေါ့။ မိဘမဲ့ဂေဟာဆိုတာ မိဘမဲ့ကလေးတွေအတွက်တော့ ပျော်ရွှင်မှု ကင်းမဲ့တဲ့မျက်နှာတွေနဲ`့ ပြည့််နေတဲ့ ဝမ်းနည်းခြင်းးတွေနဲ့ ပြည့်နေတဲ့ အဆောက်အအုံသာဖြစ်ပါတယ်။ မိဘမဲ့ဂေဟာကဆရာ၊ ဆရာမတွေဂရုစိုက် ခဲ့သည့်တိုင်အောင် မိဘမဲ့ကလေးတွေရဲ့ရင်ထဲမှာ မိဘမဲ့ဂေဟာရဲ့ပုံရိပ်ဟာ ဒီလိုထင်ကျန်နေပါတယ်။

မိဘမဲ့ဂေဟာမှာ သဒ္ဒါရက်ရောစွာပေးကမ်းတဲ့ အစားအစားတွေရရှိကောင်း ရရှိမယ်၊ တချို့တွေဆို ကောင်းကောင်းမွန်မွန် စည်းစိမ်ခံစားချင် ခံစားရမယ်၊ ဒါပေမယ့် မိဘမဲ့လေးတွေရဲ့ ဘဝကတော့ မဖိတ်ခေါ်ပဲ ရရှိလာတဲ့ အရာတွေကပိုများပါတယ်။ သူတို့မှာ ချစ်ခင်မဲ့ယုယမဲ့ နွေးထွေးမဲ့ မိဘမှမရှိပဲ။ မိဘရဲ့ချစ်ခင်မှုကိုမရပဲ ရှင်သန်ရတဲ့ကလေးတွေဟာ တခါတရံမှာ လူဆိုးသူပုန်လေးတွေအဖြစ်ကြီးပြင်းပါတယ်။ သူတို့ရင်ထဲက တခုတည်းသော ခံစားချက်ကတော့ အထီးကျန်ဆန်တဲ့ အသနားကြင်နာမှုကင်းမဲ့တဲ့ ဒီကမ္ဘာကြီးကို ကလဲ့စားချေချင်တဲ့ ဒေါသမီးတွေတောက်လောင်နေပါတယ်။

ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နေ တဲ့အချိန်မှာ သူတို့ရဲ့မိဘတွေက ကြည့်ရှုစောင့်ရှောက်ရမဲ့ အချိန်တွေဖြစ်ပါတယ်။ ဒီအချိန်တွေဟာ ကလေးတွေဟာ မိဘရဲ့ လူသားအရည်အချင်းတွေကို သင်ယူနေတဲ့အချိန်မို့လို့ပါ။ နွေးထွေးတဲ့အိမ်ရဲ့ အငွေ`့အသက်သာလျှင် ကလေးတွေအတွက် လုံခြုံတဲ့နေရာတနေရာဖြစ်ပါတယ်။ မိဘမဲ့ဂေဟာမှာတော့ သူတို့နားခိုလို့ရမယ်၊ နေစရာအခြေအနေတွေ ဖန်းတီးပေးထားမယ်။ ဒါပေမယ့် မိဘမဲ့ဂေဟာဆိုတဲ့နေရာဟာ သူတို့လေးတွေအတွက် အထီးကျန်မှုကိုသတိရစေမယ့်နေရာ၊ အမြဲတမ်းချစ်မဲ့ခင်မဲ့သူရှိနေတဲ့ အပြင်ကလေးတွေနဲ့ယှဉ်ရင် ချစ်မဲ့ခင်မဲ့သူမရှိတဲ့နေ ရာ လို`့ပဲသတိရနေမှာပါ။ တယောက်ထည်း အထီးကျန်စွာအိပ်စက်ရတဲ့ သန်းခေါင်ယံညများမှာ သူတို့လေးတွေရဲ့အိပ်မက်ဆိုးတွေမက်ခဲ့ရင် ကို တယေက်ထဲငိုရှိုက်ရုံမှတပါး မှေးစက်စရာမိခင်ရဲ`့ရင်ခွင် မရှိပါ။

ကလေးလေးတွေဆိုတာ ကမ္ဘာမြေမှာတော့ သက်ရှိနတ်သားနတ်သမီးလေးတွေ ဖြစ်ပြီး ဒီလူ`့လောကကိုပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတွေပါ။ သူတို့လေးတွေဟာကောင်းကင်ပေါ်က ကြယ်ကလေးတွေလဲ ဖြစ်ပါတယ် ။သူတို့လေးတွေကို အသနားကြင်နာမဲ့စွာ ပစ်မထားသင့်ပါဘူး။ ဒီသေးငယ်တဲ့ လူကလေးတွေဟာ လက်ရှိဖွံဖြိုးတိုးတက်နေတဲ့လူ့အဖွဲ့အစည်း ရဲ့ ဆိုးဝါးတဲ့ရက်စက်မှုတွေကို မေးခွန်းထုတ်ဖို့ရာစကားလုံးမရှာနိုင်သေးတဲ့၊ ကန်`့ကွက်ဖို့ရာ အလွန် နူးညံ့သိမ်မွေ`့ပြီး၊ ထောက်ပြဖို့ အကူအညီကင်းမဲ့နေတဲ့ လက်တစုံကိုပိုင်ဆိုင်ထားတဲ့ သေးငယ်တဲ့ လူသားအဖွဲ့အစည်းလေးပါ။ သူတို`့လေးတွေဟာ သူတို့လေးတွေကို ဘယ်တော့မှမထွေးပွေ`့တော့မဲ့ သူတို့မသိတဲ့ အမေ၊အဖေ ပြန်လာခေါ်မလားလို့မျှော်ကိုးရင်း အမြဲတမ်း စည်းကမ်းတွေနဲ့ကျပ်မတ်ထား တဲ့ မိဘမဲ့ဂေဟာမှာနေမဲ့အစား ရောင်စုံလိပ်ပြာငယ်လေးတွေ လွတ်လပ်စွာပျံသန်းနေသလို မိဘရဲ`့ချစ်မေတ္တာကိုခံစားရင်း လွတ်လပ်စွာ ကြီးပြင်းသင့်ပါတယ်။


အထီးကျန်တဲ့မိဘမဲ့ဂေဟာလေးရဲ`့ထောင့်တနေရာတနေရာက ကျလာတဲ့မျက်ရည် တစက်ဟာ ကလေးတွေကိုလမ်းမပေါ်ကိုရက်စက်စွာ စွန့်ပစ်ရဲတဲ့ တကိုယ်ကောင်းဆန်လာတဲ့ ခေတ်ဆန်ခေတ်လွန်ရောဂါပိုးထိုးနေတဲ့ လက်ရှိလူသားအဖွဲ့အစည်း ရဲ``့ရှက်ဖွယ်ရလဒ်သာဖြစ်ပါတယ်။ မကြားရတဲ့ကလေးငယ်လေးတွေရဲ့ ငိုသံဟာ ကောင်းကင်နဲ့ပင်လယ်ပြင်မှာ ပဲ့တင်သံတွေရိုက်ခထ်နေပြီး ဒီကမ္ဘာပေါ်မှာသူတို့ကို အထီးကျန်စွာစွန့်ပစ်ခဲ့မှု အပေါ်မှာ တရားမျှတမှု ကိုတောင်းဆိုနေပါတယ်။ ကြယ်ကလေးတွေရဲ့မျက်ရည်တွေကို ရပ်တန့်ဖို့အချိန်ကျရောက်နေပါပြီ။ ယခုဆိုရင်မိဘမဲ့ကလေးဂေဟာက ကလေးတယောက်ချင်းစီကိုရွေးချယ် ထောက်ပံ့နိုင်ပါပြီ။ သူတို့လေးတွေရဲ့အနာဂတ်ကိုလည်း ပေးနိုင်ပါပြီ။ ကြယ်ကလေးတွေရဲ့မျက်ရည်တွေဆိတ်သုန်းပါစေလို့ ဆုတောင်းရင်း အမြဲတမ်းကြိုးစားနေတဲ့

မေမဒီ


1 comment: