Saturday, August 1, 2009

Medusa နတ်ဆိုးမ


Medusa သည်ဂရိ ဒဏ္ဍာရီလာ နတ်ဆိုးမ ဖြစ်သည်။ သူမ၏ ဦးခေါင်းတွင် ဆံပင်များအစား တွန့်လိမ်ကောင်ကွေ့နေသော မြွေများနှင့် ၇ှုပ်ထွေးနေသည်။ သူမ၏ အေးစက်သော မျက်လုံးများ နှင့်အကြည့်ခံရပါက လူတို့သည် လူစင်စစ်မှ ကျောက်ရုပ်ဖြစ်သွား သည်ဟုအဆိုရှိကြသည်။ Gorgon ညီအမသုံးဖော်ဖြစ်သည့် Medusa, Stheno နှင့် Euryale တို့သည် ရှေးပဝေသဏီက ပင်လယ်နတ်သမီး၏ သမီးများဖြစ်ကြသည်။


ရောမကဗျာဆ၇ာ Ovid သည် Medusa သည် အသီးနား (Athena) နန်းတော်တွင် သူမတူအောင်လှပ၍ ပိုးပန်းသူအများဆုံး မင်းသမီး ဖြစ်သည်ဟုတင်စားထား သည်။ သူမသည် ရေလှိုင်းများကဲ့သို့ ကွေ့ကောက်နေသော သူမ၏ ဆံပင်၇ှည်အလှက ပို၍ ကျော်ကြား စေသည်။ အသီးနားနန်းတော်တွင် သူမ၏ အလှအပ ကြောင့် ပင်လယ်နတ်ဘုရား Poseidon ၏အတင်းအဓမ ကျင့်ကြခြင်းကို ခံရသည်။ သူမကို မနာလိုရှုစိမ့် နေသော အသီးနား (Athena) နတ်ဘုရားမသည် ဒဏ်ခတ်သည့်အနေဖြင့် သူမ၏လှပသော ဆံပင်ရှည်များကို မြွေနဂါးများအဖြစ်ပြောင်းလဲပြစ်လိုက်သည်။ သူမအား တည့်တည့်ကြည့်မိ သူ သည် ကျောက်ရုပ်ဖြစ်စေ တတ်သော မကောင်းသော တန်ခိုးကိုပါ ပေးလိုက်သည်။


ဒဏ္ဍာရီအဆိုအရ Persus သူရဲကောင်း၏မိခင် Danae သညှ်Seriphus ဘုရင် Polydectes ၏မတရားသိမ်း ပိုက်ခြင်းကိုခံရတော့မည် ဖြစ်သည်။ (Athena) အသီးနားနတ်ဘုရားမ နှင့် Hermes တို့က လေထဲ၌ပျံနိုင်သော ဖိနပ်၊ ကိုယ်ဖျောက် နိုင်သောဦးထုပ်၊ ဓားရှည် ၊ အိတ် နှင့် မှန်နှင့်တူသောဒိုင်း တို့ ကိုPersus အားပေးခြင်းဖြင့် Medusa အားရှာဖွေ လုပ်ကြံ ရာတွင် အကူအညီပေးကြသည်။


သူရဲကောင်းသည်လေတွင်ပျံဝဲနိုင်သောဖိနပ်ဖြင့် မဒူဇာကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ကျောက်ရုပ်ဖြစ်ခြင်း မှရှောင်ရှားရန် မဒူဇာအား တိုက်ရိုက်မကြည့်ပဲ မှန်ကဲ့သို့သော ဒိုင်းမှကြည့်ပြီး သူမ၏ ဦးခေါင်းကိုဖြတ်၍ အိတ်ထဲသို့ထည့်လိုက်ပါသည်။ ထိုအချိန်တွင် မဒူဇာ၏ ညီမ ၂ ယောက်သည် လေ၏လျှင်မြန်ခြင်းဖြင့် ခုန်အုပ်ကြသော်လည်း ကိုယ်ဖျောက်နိုင်သော ဦီးထုပ်ကြောင့် လွတ်မြောက်သွားပါသည်။


သူရဲကောင်းသည် Polydectes ဘုရင်အား မဒူဇာ၏ ခေါင်းကို လက်ဆောင်အဖြစ် ဆက်သလိုက်ရာ ဘုရင်သည် ကျောက်ရုပ်ဖြစ်သွားသဖြင့် သူ၏မိခင်ကိုကယ်တင်နိုင်ခဲ့သည်။ ထို့နောက် သူရဲကောင်းသည် အသီးနားနတ်ဘု၇ားမအား မီဒူဇာ၏ ဦးခေါင်းကိုဆက်သ လိုက်သည်။ အသီးနားနတ်ဘုရားမသည် သူမ၏ Ages တွင်အလယ်ဗဟို၌ထား၍ ရန်သူကိုကျောက်တုံးဖြစ်စေခြင်းဖြင့်သူမ၏ တန်ခိုး၊ သူမ၏ စွမ်းဆောင်နိုင်မှု သင်္ကေတ အဖြစ်ထားပါသည်။


မေမဒီ

ဘာသာပြန်ဆိုသည်။



2 comments:

  1. The sisters Sthenno and Euryale were immortal but only Medusa, was mortal.

    lu twe ka taw tare naw ... can create such classic stories..

    aww they even made gods ....

    ReplyDelete
  2. Thank you for your comment and your info

    ReplyDelete