Monday, August 3, 2009

မေမဒီအင်ပါယာနှင့် Medusa (၂)




နောက်နေ့များ


နောက်နေ့တွင် ဘုရင်မကြီးသည် ဇာတိသွေး ဇာတိမာန်များ တတ်ကြွစေရန်အလို့ငှာ အလုပ်မှအပြန်တွင် sounds box ၂ လုံးဝယ်လာတော့သည်။ ထို့နောက် သူမသည်တတ်ကြွစွာ စီမံကွပ်ကဲတော့သည်။ မေမဒီအင်ပါယာ၏ ဖွံဖြိုတိုးတက်မှုသည် ကွန်ပျူတာ နှင့်အညီ ပင်ဖြစ်လာသည်။ ပြည်သူတို့သည်ငါးများလည်း ဖမ်းတတ်ကြပြီ။ သစ်ပင်ခုတ်ရုံသာမက စိုက်ပျိုးရေးလည်းလုပ်တတ်သည်။ ချမ်းသာကြွယ်ဝလာသော မေမဒီအင်ပါယာ၏ စစ်တပ်မှာ ခြေလျင်တပ်၊ မြင်းတပ်၊ ရေတပ်များ နှင့် ခေတ်ပေါ်မူတည်၍ အမြောက်တပ်၊ ထိုခေတ်ကခေတ်မှီသော စစ် သင်္ဘောများ၊ ခိုင်ခံသောခံတပ်များ အထိပင်ရောက်ရှိ၍ အလွန်ခမ်းနားလှသည်။

သို့သော် စစ်ရေးစစ်ရာ ကိုဂဂနန နားမလည်သော ဘုရင်မအဖို့ အမြဲတမ်းအရှုံးနှင့်သာ ရင်ဆိုင်နေရသည်။စစ်ပွဲများကလည်းရှောင်မရ။ သယံဇာတ ပေါကြွယ်ဝသော သူမ၏ နိုင်ငံသည် ရန်သူမျက်စိ ကျလောက်သည်။ ထိုနည်းတူစွာ သစ်တောများပြောင်သလင်းခါ၊ ရွှေတွင်းများ လည်းကုန် ခေတ်လည်းအရမ်းမှီလာ ချိန်တွင် ခေတ်ကိုလိုက်မှီရန် လိုအပ်သော ငွေကိုလိုက်မှီရန်မှာ နယ်ချဲ့မှသာရမည်။ သူမကမချဲ့လျှင်ရန်သူက ချဲ့ဖို့ကြိုးစားတော့သည်။ ယခုအခါသူမသည် စစ်ပွဲကို မနက် (၄) နာရီထိသာ ရိုးသားတတ်ကြွစွာ စစ်တိုက်တော့သည်။ မဏီစန္ဒီ ဘုရင်မနှင့် ချစ်ကြည်ရေးအတင်းအဖျင်း ပြောပြီးသည့်နောက်တွင် မဏီစန္ဒီပေးလိုက်သော Cheat Code ကိုသုံးတော့သည်။ အချစ်နှင့်စစ်တွင် မတရားတာမှမရှိမို့လား။ စစ်သူကြီးအတွက်၊ မြင်းသည်တော်များအတွက် အစရှိသဖြင့် သူမကိုCheat Code များစွာပေးထားပါသည်။ထိုအထဲတွင် Medusa ကိုအနှစ်သက်ဆုံး ဖြစ်သည်။

ယင်း cheat code သည် command (ကျွန်မသေချာမမှတ်မိပါ command နေရာတွင်ထင်ပါသည်) တွင် Medusa ဟုရိုက်ထည့်လိုက်ရပါသည်။ Medusa ဟုရိုက်ထည့်လျှင် သူမထင်ထားသလို မြွေနဂါးများနှင့်် ရှပ်ထွေးလိမ်ပတ်နေသော မိန်းမဦးခေါင်း ပေါ်လာပြီး ရန်သူစစ်သားများ ကျောက်ရုပ်ဖြစ်သွားခြင်းမဟုတ်ပါ။ မေမဒီအင်ပါယာသည် ဓား၊ လှံ၊ လေး၊ မြှား ခေတ် တွင်တည်ဆောက်ထားခြင်းဖြစ်သည်။ အလွန်ဆုံးတူမီးလောက် ၊ အမြာက်လောက်တော့ရသည်။ Medusa code သည် ပြိုင်ကားကဲ့သို့သောကားကလေး အဖြူ ရောင်မျဉ်းကြောင်းလေး ၂ ကြောင်းပါ၍ စက်သေနက်ကဲ့သို့ ပစ်လို့ရအောင်ဖန်တီးထားသည်။ age of emperor ၏ အမြင့်ဆုံးခေတ် ထိတိုင်အောင် ထိုလက်နက်ကို ထုတ်မပေးဘူးဟုထင်ပါသည်။ ဘုရင်မသည် မနက်(၄) ကျော်လာလျှင် Medusa နှင့် စ၍ရမ်းတော့သည်။ ရမ်းသည် ကြမ်းသည် ထို့နောက်အနိုင်ပိုင်းတော့ သည်။ ထိုမှသာ ၆နာရီလောက်တွင် အိပ်ရမည်ဖြစ်သည်။ ဒီနေ့များအဖို့တော့ “The winner is mAymAdi Emperor”

ပထမသော်ပီတိဖြာလှသည်။ အချစ်နှင့်စစ် တွင်မတရားတာမှမရှိဟုဆိုသော်လည်း သူမလိပ်ပြာမလုံပါ။ သူမသည် တရားသဖြင့် သာအနိုင် ယူလိုသည်။ အရည်အချင်းအပြည့် အဝဖြင့်သာ အနိုင်ယူလိုသည်။ ကွန်ပျူထာ သည် သစ္စာရှိသည်။ သူမခိုးလိုပါ။သို့သော် တခါသော် တိုက်ပွဲသည် ပြင်းထန်လွန်းလှသည်။ ခြေလျှင်တပ်၊ မြင်းတပ် နှင့်ေ၇တပ်ပါမကျန် အကျိတ်အနယ်ချကျသည်။ Medusa ပင် မနိုင်တော့ ။ ဘုရင်မကြီး၏ တောက်ခေါက်သံများ၊ မိုက်ရိုင်းလိုက်လေ၊ ယုတ်မာတယ် ၊ shit ပဲ ဟူသောအသံတို့သည် ဆောင်းဘောက်(စ်) မှထွက်လာသော တိုက်ပွဲသံတို့နှင့်ညံ နေတော့သည်။ ထိုအချိန်တွင်ရေတပ် ကိုကြီးကြပ်နေသော သူမအဖို့ခြေလျှင်တပ်နှင့် ထားခဲ့သော Medusa ကြီးကိုမေ့နေခဲ့သည်။ သတိရ၍သွားကြည့်သော် သူမ၏သူရဲကောင်း မီဒူစာ ကားကြီးမှာ ရန်သူလက်ထဲရောက်၍ သူမအင်ပါယာကိုပင် ပြန်လည်တိုက်ခိုက်နေတော့သည်။ ပထမသော် ကွန်ပျူတာ သည် သူမတလုံးခိုးလျှင် ကွန်ပျူတာပင်တလုံးခိုးသွား လေသလော ဟူသို့လောသို့လော များဖြစ်မိသည်။ နောင်တွင်စစ်ရေးစစ်ရည် ကြွယ်ဝလာသောအခါ သဘောပေါက်လာသည်။ အထိက မှာဘုန်းကြီးဖြစ်သည်။ သူရဲကောင်းမီဒူစာကားသည် သူအတိုင်းထားလျှင် နေရာတနေရာကိုသာစူးစိုက်ပစ်သည်။ ၄င်း၏အားနည်း ချက်ပင်ဖြစ်သည်။ ရန်သူဘုန်းကြီးသည် ပစ်ကွင်းလွတ်ရာမှ လာဆွယ်သွားခြင်းဖြစ်သည်။ ဘုရင်မကြီးတောက်ခေါက်သည်။ ကွန်ပျူတာသည် လည်လွန်းလှသည်။ သူရဲကောင်းမိဒူစာ ကိုဒီတိုင်းမလွှတ် အခြံအရံများဖြင့်ကာကွယ်၍ လွှတ်သည်။မှတ်သားလောက်ပါပေ့။

မေမဒီနှင့်သူငယ်ချင်းများသည် အလုပ်အားသော နေ့များတွင် သူမတို့၏ အင်ပါယယအတွက် တနေကုန် တိုက်ပွဲဝင်သည်။ သေချာကြည့်မည်ဆိုလျှင် သူမ၏ ဘေးတွင် ဘုရင်မကြီးမဏိစန္ဒီ သည် လည်းသူမ၏ ကွန်ပျူတာနှင့်စစ် ခင်းနေသည်။ နောက်ဘက်တွင် မေဘရဏီသည် ဆီဆာဘုရင်ကြီး၏မိဘုရားကြီး အရိုက်အရာခံ၍ တိုင်းပြည်တည်ဆောက် ရေးများတွင် တတပ်တအားပါဝင်သည်။ ပန်ကာများပင် မှုတ်ထားပါသည်။ ကွန်ပျူတာပူမှာစိုးကြောင့်ဟူ၏။ (မှတ်ချက် သူမသည် age of emperor မကစား၊ Juliet Caesar game ကိုကစားသည်။မေမဒီတော့မကစားဘူးပါ။ မဏီစန္ဒီတော့စမ်းဘူးသည် ။ကိုယ့်အင်ပါယာကို cheat code နှုင့်အုပ်ချုပ်သူ ဘုရင်မအဖို့ ဆီဆာဘုရင်၏ မိဘုရားမလုပ်နိုင်ဟုဆို၏။ အဘယ့်ကြောင့်ဆိုသော် ဆီဆာသည် လက်ညှိုးကြီးထိုးခါ ဟိုခိုင်းဒီခိုင်း ခိုင်းသည်ဟုဆို၏) သူမတို့၏ အင်ပါယာကြီးများကိုမည်မျှ ချစ်သနည်းဆိုသော် သူမတို့၏ ဟင်းအိုးများကသက်သေထူပါသည်။ သူမတို့၏ ဒညင်းသီးအိုးများ၊ မျှစ်ချည်အိုးများ၊ ပဲဟင်းအိုးများ တူးလိုက်ကြသည်မှာ အိုးများမှာ အရောင်များပင်မရှိတော့ပဲ မဲတူးနေပါတော့သည်။

ဤသို့ကစားလာရာ ၂ လခန့်ကြာမြင့်လာသည်။ အားလပ်ရက်လည်းကုန်ဆုံးတော့မည်။ ကျောင်းများလည်းပြန်ဖွင့်တော့မည်။ အိပ်ရေးပျက်တာများလွန်းသဖြင့် မျက်နှာများလည်းကျကုန်ပြီ။ အဆိုးဆုံးမှာ မေမဒီ၏ ဒေါ်လာ၃၀ တန်monitor မှာ ကစားလွန်းသဖြင့် အရုပ်များပင်သဲသဲကွဲကွဲ မပေါ်တော့ပါ။ နှစ်ထပ်ပင် ဖြစ်နေတော့သည်။ နောက်ဆုံးတွင် monitor ကို လွှင့်ပစ်လိုက် ရသဖြင့် မေမဒီဘုရင်မကြီး နန်းကျသွား လေတော့သည်။

နန်းကျဘုရင်မသည် သူမ၏ မယ်တော်ခမည်းတော်များထံ project များလုပ်ရသဖြင့် monitor ပျက်သွားသောကြောင့် လွှင့်ပစ်လိုက်ရကြောင်း နှင့် စာအကြည့်များ၍ မျက်စိမှာကောင်းစွာမကြည်လင်၍ စစ်ဆေးကြည့်ရာတဘက်ကို ၅၀ ဒီဂရီစီတတ်သွားပါသဖြင့် မျက်မှန်လုပ်လိုက်ရ၍ ဤလငွေအကုန်အကျများသွားပါကြောင်း ဖုန်းဆက်နေရာ မဏီစန္ဒီသည် တိုက်ပွဲဝင်နေရာမှ တစွန်းတစ ကြားလိုက်၍ ထရီပါတော့သည်။

မေမဒီကပြုံးစစ ဖြင့် မျက်စိ တဖက်မှိတ်ပြလိုက်ပါတော့သည်။ ……………………………..

စာကြွင်း၊ cheat code တို့သည် game programmer များမှထွင်ခဲ့ခြင်းဖြစ်သည်ဆို၏။ နောက် game တခုရေးပြီးလျှင် ထိုသူတို့က cheat code များကိုဖြန့်ဖြူး လိုက်ရာလွယ်ကူစွာအောင်မြင်သွား၍ လက်ရှိ game ကိုပျင်းရိလာကြသည်။ ထိုမှသာ သူတို့၏ game အသစ်ကိုလူတွေ စမ်းသပ်မည်ဖြစ်သည် ဟုသိရပါသည်။ သင်သိလျှင်ဝင်ရောက်ဆွေးနွေးပါ ရန်ဖိတ်ခေါ်ပါသညါ။

Age of emperor version အမျိုးမျိုးရှိပါသည်။ ဤ cheat code သည် ဘယ်version နှင့် အသုံးဝင်သည်ကိုကျွန်မ မမှတ်မိပါ။ ကျွန်မသည် လွန်ခဲ့သော ၇နှစ်က ကစားဘူးသော ဂိန်းကလေးကို အပျော်သဘောနှင့်တင်ပြခြင်းဖြစ်ပါသည်။


သင်သိလိုလျှင်ဤ လင့်သို့သွားကြည့်ပါ။

http://downloads.phpnuke.org/en/download-item-view-x-n-a-m-m/AGE%2BOF%2BEMPIRES%2BIII.htm

No comments:

Post a Comment